တရုတ်နိုင်ငံတောင်ပိုင်းနှင့် အနောက်တောင်ပိုင်းဒေသများတွင် ဩဂုတ် ၂၆ ရက်အထိ တိုင်ဖွန်း ကာဂျီကီအတွက် ၎င်း၏အဆင့်လေးဆင့်မိုးလေဝသသတိပေးစနစ်တွင် တတိယအမြင့်ဆုံး အဝါရောင်သတိပေးချက် ထုတ်ပြန်ထားသည်။
အမျိုးသားမိုးလေဝသဌာန(NMC)က ယနေ့နံနက်ပိုင်းတွင် တိုင်ဖွန်းမုန်တိုင်းကာဂျီကီသည် ပင်လယ်ကွေ့တောင်ပိုင်းတွင်နေရာယူထားပြီး အနောက်-အနောက်မြောက်ဘက်သို့ တစ်နာရီလျှင် ၁၅-၂၀ ကီလိုမီတာနှုန်းဖြင့်ရွေ့လျားကာ ယနေ့ညတွင် ဗီယက်နမ်ကမ်းရိုးတန်းသို့ဝင်ရောက်မည်ဟု ခန့်မှန်းထား ကြောင်း သိရသည်။
မုန်တိုင်းတိုက်ခတ်မှုကြောင့် ယနေ့မွန်းလွဲ ၂ နာရီမှ ဩဂုတ် ၂၆ ရက် မွန်းလွဲ ၂ နာရီအထိ လေပြင်းများတိုက်ခတ်မှုကြောင့် တောင်တရုတ်ပင်လယ်အနောက်ဘက်ခြမ်းနှင့် ရှီရှာကျွန်းစုများ၊ ဘီဘူပင်လယ်ကွေ့နှင့် Qiongzhou ရေလက်ကြားတို့အပြင် ဟိုင်နန်၊ကွမ်ရှီနှင့် ကွမ်ဒေါင် ကမ်းရိုးတန်းဒေသများအနီးရှိ ရေပြင်များကို ထိခိုက်စေမည်ဖြစ်သည်။
ထိုကာလအတွင်း ယူနန်၊ ကွမ်တုံနှင့် ဟိုင်နန်ပြည်နယ်များအပြင် ကွမ်ရှီးကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်လည်း မိုးသည်းထန်စွာရွာသွန်းပြီး မိုးသက်မုန်တိုင်းများ ကျရောက်မည်ဟု မိုးလေဝသဌာန၏ပြောကြားချက်အရ သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ဖြစ်ပေါ်နိုင်သည့်ရေကြီးမှု၊ ဘူမိဗေဒဆိုင်ရာဘေးအန္တရာယ်များနှင့် တိုင်ဖွန်းမုန်တိုင်းအတွက်အရေးပေါ်ကြိုတင်ပြင်ဆင်မှုအစီအမံများအကောင်အထည်ဖော်ဆောင်ရွက်ရန် ဒေသန္တရ အာဏာပိုင်များအား တိုက်တွန်းပြောကြားထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


