ပေကျင်း နိုဝင်ဘာ ၁၆
တရုတ်နိုင်ငံ၌ ယခုနှစ် ပထမ ၁၀ လအတွင်း ရထားစီးခရီးသည် အရေအတွက်သည် စံချိန်တင် အမြင့်ဆုံးအထိ ရောက်ရှိလာကြောင်း တရုတ် နိုင်ငံပိုင် ရထားလုပ်ငန်းစုကုမ္ပဏီ၏ နိုဝင်ဘာ ၁၆ ရက်တွင် ဖော်ပြထားသော အချက်အလက်များအရ သိရသည်။
ဇန်နဝါရီလမှ အောက်တိုဘာလအထိ နိုင်ငံတစ်ဝန်း ရထားစီးသောခရီးသည်အရေအတွက် စုစုပေါင်းမှာ ၃ ဒသမ ၉၅ ဘီလီယံအထိရှိခဲ့ပြီး ယမန်နှစ်ကထက် ၆ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ရထားလမ်းပြေးဆွဲရေး အော်ပရေတာက ပြောသည်။
ယခုနှစ်အစပိုင်းမှစတင်ကာ ဘေးကင်းလုံခြုံစွာနှင့် စနစ်တကျ ခရီးသွားလာနိုင်ရေးကို ဦးစားပေးဆောင်ရွက်ခဲ့ကြောင်း၊ ထို့ပြင် များပြားလာသော ခရီးသည်များ၏ အမျိုးမျိုးသောလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ အော်ပရေတာက ပြောသည်။
ယင်းကာလအတွင်း ခရီးသွားလုပ်ငန်းကို အဓိကထားသော ရထားခရီးစဉ်ပေါင်း ၂၀၄၉ ကြိမ် ပြေးဆွဲခဲ့ပြီး ယမန်နှစ်ကထက် ၂၈ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု ဆိုသည်။
ဆင်ဟွာ


