အောက်တိုဘာ ၁၆
တရုတ်နိုင်ငံသို့ ဗီဇာကင်းလွတ်ခွင့်မူဝါဒအရ ၂၀၂၅ ခုနှစ် တတိယသုံးလပတ်တွင် နိုင်ငံခြားခရီးသွား ၇ ဒသမ ၂၄၆ သန်း လာရောက်ခဲ့ရာ ယခင်နှစ်ကထက် ၄၈ ဒသမ ၃ ရာခိုင်နှုန်း တိုးလာကြောင်း အမျိုးသားလူဝင်မှုကြီးကြပ်ရေး စီမံခန့်ခွဲရေးအဖွဲ့ (အင်န်အိုင်အေ) က ယနေ့တွင် ပြောကြားခဲ့သည်။
ဗီဇာကင်းလွတ်ခွင့်ဖြင့်ဝင်ရောက်မှုသည် နိုင်ငံခြားခရီးသွားများ ဝင်ရောက်မှုအားလုံး၏ ၇၂ ဒသမ ၂ ရာခိုင်နှုန်းရှိသည်ဟု အင်န်အိုင်အေက ဆိုသည်။
တရုတ်နိုင်ငံသည် ၎င်း၏ ဗီဇာကင်းလွတ်ခွင့်ဖြင့်ခရီးသွားမူဝါဒများကို တိုးချဲ့ခဲ့သည်။ ယခုအခါ နိုင်ငံပေါင်း ၇၆ နိုင်ငံမှ ခရီးသွားများသည် တစ်ဖက်သတ် သို့မဟုတ် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်ခြင်းမှ အကျိုးကျေးဇူးများ ရရှိနေပြီဖြစ်ပြီး နိုင်ငံပေါင်း ၅၅ နိုင်ငံမှ နိုင်ငံသားများသည် တတိယနေရာသို့ မသွားရောက်မီ ၁၀ ရက်အထိ တရုတ်နိုင်ငံသို့ အကူးအပြောင်း ဗီဇာကင်းလွတ်ခွင့်ဖြင့် လာရောက်လည်ပတ်နိုင်ပြီ ဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


