ပေကျင်း စက်တင်ဘာ ၈
အေအိုင်နည်းပညာအရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာချိန်တွင် ယခင်က တရုတ်အေအိုင်ကုမ္ပဏီ ၁၄၀၀ ကျော်သာရှိခဲ့ရာမှ ငါးနှစ်အတွင်း ၅၀၀၀ ကျော်အထိရှိလာခဲ့သည်ဟု တရုတ်နိုင်ငံ ချုံချင့်မြို့တွင် ကျင်းပလျက်ရှိသော ကမ္ဘာ့အဆင့်မြင့်စက်မှုကုန်စည်ပြပွဲ၌ စက်မှုနှင့် သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက ထုတ်ပြန်ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံသည် အဆင့်မြင့်စက်ရုံပေါင်း ၄၀၀၀၀ ကျော် တည်ဆောက်ခဲ့ပြီး အေအိုင်နည်းပညာဆန်းသစ်တီထွင်မှုအတွက် အမျိုးသားရှေ့ပြေးစမ်းသပ်ဇုန် ၁၁ ဇုန်နှင့် နည်းပညာမြင့် ယာဉ်များ စမ်းသပ်ထုတ်လုပ်ရန်အတွက် အမျိုးသားအဆင့်သရုပ်ပြဇုန် ၁၇ ဇုန် ရှိကြောင်း စက်မှုနှင့် သတင်းအချက်အလက်နည်းပညာ ဒုတိယဝန်ကြီး ဆင်ဂိုဘင်က ပြောကြားခဲ့သည်။
အေအိုင်ကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်းများ၊ အေအိုင်ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် ဘရစ်နိုင်ငံများဆိုင်ရာ စင်တာနှင့် ပင်မအေအိုင် နည်းပညာများအတွက် စံနမူနာ ၂၄၀ ကျော်တို့နှင့်အတူ အမျိုးသားအေအိုင်လုပ်ငန်းရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ ယွမ် ၆၀ ဘီလီယံ (အမေရိကန် ဒေါ်လာ ၈ ဒသမ ၄ ဘီလီယံခန့်) ကို စတင်လိုက်ပြီဖြစ်ကြောင်း ဆင်ကပြောကြားခဲ့သည်။
တရုတ်အင်တာနက်ဖွံ့ဖြိုးတိုးတက်ရေးအစီရင်ခံစာ ၂၀၂၁ ခုနှစ်တွင် ဖော်ပြချက်အရ ၂၀၂၀ ပြည့်နှစ်၌ တရုတ်နိုင်ငံတွင် အေအိုင်ကုမ္ပဏီ ၁၄၅၄ ခုရှိခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသည် ၎င်း၏အေအိုင်ကဏ္ဍကို တိုးတက်အောင် အင်တိုက်အားတိုက်လုပ်ဆောင်ခဲ့သည်။ ယခုအခါတွင် တရုတ်နိုင်ငံ၌ အေအိုင်ကဏ္ဍသည် တစ်ဟုန်ထိုး တိုးတက်လာခဲ့သည်။
ဆင်ဟွာ


