ရန်ကုန်   စက်တင်ဘာ  ၈

တရုတ်ဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲ  အုပ်စုနောက်ဆုံးနေ့ကို စက်တင်ဘာ ၈ ရက်ကဆက်လက်ကျင်းပရာ  မြန်မာအသင်း  နိုင်ပွဲရရှိပြီး ဆီမီးဖိုင်နယ် တက်ရောက်ခဲ့သည်။

မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် ကမ္ဘောဒီးယားအသင်းနှင့်  ယှဉ်ပြိုင်ကစားရာ လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်းအတွက် အနိုင်ဂိုးများကို ပထမပိုင်းတွင် ထွန်းအောင်ကျော်၊  ဝေဇင်ဦး၊ အောင်ဇင်ဦး၊  ဒုတိယပိုင်းတွင် နိုင်လင်းထွန်းကျော်တို့က သွင်းယူခဲ့သည်။   အုပ်စု (ခ)  အခြားပွဲတွင် အင်ဒိုနီးရှားအသင်းက နယူးဇီလန်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ အုပ်စု(ခ) ပွဲစဉ်များအပြီးတွင် အင်ဒိုနီးရှားအသင်းက  ကိုးမှတ်ဖြင့်  အုပ်စုပထမ၊ မြန်မာအသင်းက ခြောက်မှတ်ဖြင့် အုပ်စုဒုတိယရရှိကာ ဆီမီးဖိုင်နယ်တက်ရောက်ခဲ့ပြီး  သုံးမှတ်ရရှိသည့်   နယူးဇီလန်အသင်းနှင့် အမှတ်မရသည့် ကမ္ဘောဒီးယားအသင်းတို့မှာမူ အဆင့် ၅/၈ နေရာလုပွဲ ထပ်မံကစားရမည်ဖြစ်သည်။

ဆီမီးဖိုင်နယ်ပွဲစဉ်များကို  စက်တင်ဘာ ၉ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ဒိန်းမတ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

သတင်း - ရှိုင်းထက်ဇော်

ဓာတ်ပုံ - CAF