အစ္စတန်ဘူလ်    နိုဝင်ဘာ    ၂၆

တူကီယဲအာဏာပိုင်များက အိုင်အက်စ်စစ်သွေးကြွအဖွဲ့နှင့် ဆက်နွှယ်သူ ၁၄ဦးကို ယနေ့ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ၎င်းတို့သည် ဖောက်ခွဲရေးပစ္စည်းများဝယ်ယူကာ အကြမ်းဖက်မှုတစ်ခုပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။  ရဲတပ်ဖွဲ့သည် နေရာအများအပြားကို တစ်ပြိုင်နက်ဝင်ရောက်စီးနင်းခဲ့သည်။ ဒစ်ဂျစ်တယ်အထောက်အထားများ၊ လိုင်စင်မဲ့သေနတ် တစ်လက်နှင့် ကျည်အတောင့် ၉၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း အစ္စတန်ဘူလ်ခရိုင်ရဲဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ သံသယရှိသူများအား ဆက်လက်စစ်ဆေးမေးမြန်းရန်နှင့် တရားဥပဒေအရအရေးယူရန် ထိန်းသိမ်းထားသည်။ တူကီယဲက အိုင်အက်စ်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ၂၀၁၃ ခုနှစ်တွင် သတ်မှတ်ခဲ့ပြီးနောက် ယင်းအဖွဲ့၏ တိုက်ခိုက်မှုများစွာကို ခံစားခဲ့ရသည်။ တုံ့ပြန်သည့်အနေဖြင့် ပြည်တွင်းပြည်ပတွင် အကြမ်းဖက်မှုနှိမ်နင်းရေး စစ်ဆင်ရေးအများအပြားကို လုပ်ဆောင်ခဲ့သည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် -အောင်ကျော်ကျော်