နိုဝင်ဘာ ၁၈
တူကီယဲလေကြောင်းလိုင်းများသည် ယခုနှစ်ဒီဇင်ဘာလတွင် အစ္စတန်ဘူလ်မှ ကမ္ဘောဒီးယားသို့ ၎င်း၏ပထမဆုံးတိုက်ရိုက်ပျံသန်းမှုများ စတင်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ယမန်နေ့က ပြောကြားခဲ့သည်။
အစ္စတန်ဘူလ်နှင့် Techo အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ချိတ်ဆက်ပေးသည့် တူကီယဲလေကြောင်းလိုင်း၏ တိုက်ရိုက်ပျံသန်းမှုအသစ်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း ၎င်းက လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။ နှစ်နိုင်ငံအစိုးရများအကြား နီးကပ်စွာပူးပေါင်းဆောင်ရွက်မှုမှ တိုက်ရိုက်ပျံသန်းမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
အဆိုပါတိုက်ရိုက်ပျံသန်းမှုများသည် ဥရောပနိုင်ငံများသို့ အဆင်ပြေသောဝင်ပေါက်တစ်ခုဖြစ်သည့် အစ္စတန်ဘူလ်မှတစ်ဆင့် ကမ္ဘောဒီးယားနှင့် ဥရောပအကြား လွယ်ကူစွာချိတ်ဆက်နိုင်စေမည်ဟု ကမ္ဘောဒီးယား၏ နိုင်ငံတော်အရပ်ဘက်လေကြောင်းဆိုင်ရာအတွင်းရေးမှူးရုံး (SSCA) ၏ ပြောရေးဆိုခွင့်ရှိသူနှင့် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
ထိုတိုက်ရိုက်ပျံသန်းမှုများသည် တူကီယဲနှင့် ဥရောပမှနိုင်ငံတကာခရီးသည်များနှင့် ခရီးသွားများကို ကမ္ဘောဒီးယားသို့ ပိုမိုဆွဲဆောင်နိုင်လိမ့်မည်ဟုယုံကြည်ကြောင်း ၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။
အက်စ်အက်စ်စီအေ၏ပြောကြားချက်အရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ကမ္ဘောဒီးယားနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သုံးခုသို့ နိုင်ငံတကာခရီးသည် ၅ ဒသမ ၁ သန်းဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာ လေကြောင်းလိုင်း ၃၂ ခုသည် လေယာဉ်ခရီးစဉ် ၄၇၆၃၇ ကြိမ် ပျံသန်းခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


