အစ္စတန်ဘူလ် အောက်တိုဘာ ၁၆
အောက်တိုဘာ ၁၆ ရက်က တူကီယဲနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းတစ်လျှောက် သီးခြားဖြစ်စဉ်များမှ တရားမဝင်ရွှေ့ပြောင်းနေထိုင် သူ ၁၀၄ ဦးကို ကယ်တင်နိုင်ပြီး ထိန်းသိမ်းထားသည်ဟု နိုင်ငံပိုင် မီဒီယာတွင် ဖော်ပြထားသည်။
အစ်ဇ်မီယာပြည်နယ် ဒီကီလီခရိုင်ဆိပ်ကမ်းအနီးတွင် ရွှေ့ပြောင်းနေထိုင်သူများလိုက်ပါလာသည့် ရော်ဘာလှေမှာ ချွတ်ယွင်းမှုကြောင့် မျောပါနေခဲ့သည်ဟု ကမ်းရိုးတန်းစောင့်တပ်က ပြောသည်။
ကမ်းရိုးတန်းစောင့်တပ်၏ အောက်တိုဘာ ၁၆ ရက်နေ့ ထုတ်ပြန်ချက်အရ ယခုနှစ်အတွင်း လူကုန်ကူးသူ ၂၈၂ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။
အောက်တိုဘာ ၁၆ ရက်အထိ ကြားဖြတ်ဟန့်တားနိုင်ခဲ့သည့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူပေါင်း ၁၆၃၇၇ ဦးရှိသည်။ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ရသည့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူဦးရေမှာ ၄၀ ခန့်ရှိသည်။ အစ်ဇ်မီယာပြည်နယ်ရှိ အေဂျီယမ်ကမ်းရိုးတန်းသည် ရွှေ့ပြောင်းနေထိုင်သူများအတွက် တူကီယဲကိုဖြတ်ကျော်၍ ဥရောပသို့သွားရန် အဓိကလမ်းကြောင်း ဖြစ်နေသည်။
ဆင်ဟွာ


