အစ္စတန်ဘူလ် အောက်တိုဘာ ၂၄
တူကီယဲနိုင်ငံ အနောက်တောင်ပိုင်း မူဂလာပြည်နယ် အေဂျီယံပင်လယ်၌ အောက်တိုဘာ ၂၄ ရက်က ရော်ဘာလှေတစ်စင်း တိမ်းမှောက်မှုဖြစ်ပွားသဖြင့် ရွှေ့ပြောင်းနေထိုင်သူ ၁၄ ဦးထက်မနည်း သေဆုံးကြောင်း မူဂလာအုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်ထားသည်။
ရွှေ့ပြောင်းနေထိုင်သူ ၁၈ ဦးကို တင်ဆောင်လာသည့် အဆိုပါလှေမှာ ထွက်ခွာပြီး ၁၀ မိနစ်ခန့်အကြာတွင် ပြည်နယ်အတွင်း အေဒါဘာနူဧရိယာအနီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အာဖဂန်နိုင်ငံသားတစ်ဦးက ကမ်းစပ်သို့ ရောက်ရှိရန်စီမံခဲ့ပြီး ကမ်းခြေစောင့်လှေများနှင့် အထူးရေငုပ်အဖွဲ့ကို စေလွှတ်ရန် အကူအညီတောင်းဆိုခဲ့ကြောင်း သိရသည်။
ကယ်ဆယ်ရေးအဖွဲ့များက နောက်ထပ်အသက်ရှင်ကျန်သူကို တွေ့ရှိခဲ့ရာ စုစုပေါင်းကယ်ဆယ်နိုင်သူ နှစ်ဦးရှိကြောင်း၊ သေဆုံးသူ ၁၄ ဦးကိုလည်း ပြန်လည်တွေ့ရှိခဲ့ကြောင်း အုပ်ချုပ်ရေးမှူးရုံးက ဆက်လက်ပြောကြားသည်။ ပျောက်ဆုံးနေသူများကို ရဟတ်ယာဉ်တစ်စင်းဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဆင်ဟွာ


