နေပြည်တော်   ဩဂုတ်   ၂၀

U-12 Junior Soccer World Challenge 2025  ပြိုင်ပွဲ  အုပ်စုဒုတိယနေ့ကို သြဂုတ် ၂၀ ရက်က ဂျပန်နိုင်ငံ ချီဘားမြို့၌ ဆက်လက်ကျင်းပသည်။

မြန်မာ ယူ-၁၂ အသင်းသည် အုပ်စုဒုတိယနေ့တွင် နှစ်ပွဲယှဉ်ပြိုင်ကစားရာ နှစ်ပွဲစလုံးအရေးနိမ့်ခဲ့သည်။  မြန်မာအသင်းသည် ဂျပန်ကလပ် တိုကျိုဗာဒီလူငယ်အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ ဂျပန်ကလပ် အီကိုနိုင် လူငယ်အသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ မြန်မာ ယူ-၁၂ အသင်းသည် အုပ်စုလေးပွဲကစားရာတွင် တစ်ပွဲသရေ၊ သုံးပွဲ ရှုံးနိမ့်ခဲ့သည်။

အုပ်စုနောက်ဆုံးနေ့ကို  သြဂုတ်  ၂၁   ရက်တွင်  ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည်     အဆင့်သတ်မှတ်ချက်ပွဲစဉ်များ  ဆက်လက်ကစားရမည်ဖြစ်သည်။

သတင်း-ချစ်ကိုကို

ဓာတ်ပုံ- MFF