နေပြည်တော် ၁၄ ဖေဖော်ဝါရီ
နေပြည်တော် ဥတ္တရခရိုင်အတွင်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ အင်ဂျင်နီယာဆိုင်ရာ စွမ်းဆောင်ရည်များ တိုးတက်လာစေရန်ရည်ရွယ်၍ GIS /မြေပုံဖတ်နှင့် အင်ဂျင်နီယာဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၁၀ နာရီက ဥတ္တရခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ဥတ္တရခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမျိုးမင်းစိုးမှ သင်တန်းသားများအနေဖြင့်သင်ကြားခဲ့သည်များကို အမြဲတမ်းလေ့ကျင့်နေရန်လိုအပ်ကြောင်း၊ သင်ကြားပြီးသည်နှင့် လုပ်ငန်းခွင်တွင် အကျိုးရှိရှိအသုံးချစေလိုကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါ GIS /မြေပုံဖတ်နှင့်အင်ဂျင်နီယာဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ကျေးလက်ဒေသဖွံဖြိုးရေး တိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီလာစိုး၊ ဥတ္တရခရိုင်ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမျိုးမင်းစိုးနှင့်မြို့နယ်ဦးစီးမှူးများ၊ တက်ရောက်ခဲ့ကြပြီး သင်တန်းကို ဥတ္တရခရိုင်ကွပ်ကဲမှုအောက်ရှိ တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်များမှ သင်တန်းသား/သင်တန်းသူ ၂၀ ဖြင့် သင်တန်းကာလ ၁၀ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)


