ဥတ္တရသီရိ   ၂၅   ဖေဖော်ဝါရီ 

 

နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် မီးဘေးလုံခြုံရေး၊ မီးဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်နှင့် လိုက်နာရမည့်အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များကို ပြည်သူများ သိရှိစေရန်အတွက် ယနေ့နံနက် ၉ နာရီက ဥတ္တရသီရိမြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူများက ဥတ္တရသီရိရပ်ကွက်(ချင်းရွာ)သို့ သွားရောက်၍ စစ်ဆေးခဲ့သည်။

 

1

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်စခန်းမှ ဒုတိယဦးစီးမှူး ဦးငြိမ်းကိုကိုနှင့်တပ်ဖွဲ့ဝင်များက ရပ်ကွက်အတွင်းရှိ နေအိမ်များ၊ ဈေးဆိုင်များနှင့် စားသောက်ဆိုင်များတွင် မီးစနစ်တကျသုံးစွဲရေး၊ လျှပ်စစ်မီးများ စနစ်တကျသွယ်တန်းထားမှု ရှိ/မရှိ၊ စားသောက်ဆိုင်များတွင် မီးသတ်ဆေးဘူးများ ရှိ/မရှိ၊ မီးသုံးစွဲပြီးပါက မီးဖိုမှ မီးကြွင်းမီးကျန်များကို စနစ်တကျ ငြှိမ်းသတ်ထားရှိရေးနှင့် စက်သုံးဆီဆိုင်များ တရားမဝင် ရောင်းချခြင်းရှိ/မရှိ တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး ကျန်ရှိနေသေးသည့် ရပ်ကွက်/ကျေးရွာများတွင်လည်း သွားရောက်၍ လိုက်လံကြည့်ရှု စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ကို(ပြန်/ဆက်)

 

2