ဂန့်ဂေါ  ၁၆  ဖေဖော်ဝါရီ 

 

ဂန့်ဂေါခရိုင် သစ်တောဦးစီးဌာနကကြီးမှူးဖွင့်လှစ်သည့် ဝါးစိုက်ပျိုးရေးနှင့် ဝါးအချောထည်ပစ္စည်း ထုတ်လုပ်ခြင်းဆိုင်ရာသင်တန်း အမှတ်စဉ် (၁) ဆင်းပွဲကို ဖေဖော်ဝါရီ ၁၅ ရက် ညနေ ၄ နာရီက ခရိုင်သစ်တော ဦးစီးဌာန အမြဲတန်းစခန်းရုံးတွင် ပြုလုပ်သည်။ 

 

“ ဒီသင်တန်းမှာ အဓိကအားဖြင့် ဝါးကိုနည်းပညာထည့်ပြီးတော့ အသုံးပြုတတ်စေရန် သင်ကြားပို့ချတာဖြစ်ပါတယ်၊ သင်တန်းသားတွေကို စာတွေ့လက်တွေ့ ဆောင်ရွက်စေပါတယ်၊ ဝါးစိုက်ပျိုးရေးနည်းလမ်းများ၊ ဝါးပေါင်းခံရည် ပြုလုပ်နည်း၊ ဝါးပါတဲ့ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ဝါးမီးသွေးဆပ်ပြာခဲ၊ မန်ကျည်းဆပ်ပြာ၊ ထိုင်ခုံ၊ လူသုံးကုန် ပစ္စည်းများကို လက်တွေ့ပြုလုပ်ကြရပါတယ် “ ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

 

သင်တန်းဆင်းပွဲတွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်းနှင့် မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးစောမင်းနိုင်တို့က သင်တန်းဆင်းလက်မှတ်များကို ပေးအပ်သည်။

 

ထို့နောက် ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမြင့် (၅) က သင်တန်းအတွက် လိုအပ်ချက်များကို ကူညီပေးသည့်အပြင် ပျိုးဥယျာဉ်လုပ်ငန်းများ၌ စိတ်အားထက်သန်စွာ ကူညီ ပေးခဲ့သည့် လယ်မကျေးရွာနေ ဦးဇော်မင်းဦးအား ဂုဏ်ပြုဆုချီးမြှင့်သည်။ 

 

သင်တန်းသို့ သင်တန်းသား ၅၁ ဦးတက်ရောက်ခဲ့၍ သင်တန်းကာလ ၅ ရက်ကြာမြင့်ခဲ့ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။ 

 

MDN

 

DSC0