နေပြည်တော်  နိုဝင်ဘာ   ၁၉

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်တွင် ငွေကျပ် ခုနစ်ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ငါးသန်း သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၈ ရက် ည ၁၁ နာရီတွင် သတင်းအရ ဝေါမြို့နယ် ညောင်ခါးရှည်ကျေးရွာအနီးတွင် မှိုင်းဆွေ မောင်းနှင်လာသော  Isuzu  ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ၎င်းဒေသ တန်ဖိုးငွေကျပ် ၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ငါးသန်း သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွဆေးပြားများအား မန္တလေးမှ ဘားအံသို့ သယ်ဆောင်ခိုင်းသူ မန္တလေးမြို့နေ မြတ်မင်းဦး(ဖမ်းဆီးရန်ကျန်)နှင့် ဖမ်းဆီးရမိယာဉ်ကို   မန္တလေးမြို့ စွယ်တော်ကားဝင်းအနီးသို့ လာရောက်ပို့ဆောင်သူ   ပြင်ဦးလွင်မြို့နေ   အောင်မျိုးဝင်း (ဖမ်းဆီးရန်ကျန်)တို့ဖြစ်ပြီး မန္တလေးမှ ဘားအံသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ    အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်