ဝေါနှင့် ကွန်ဟိန်းမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် ဩဂုတ် ၉  

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၇ ရက် မွန်းလွဲ ၃ နာရီတွင် ကွန်ဟိန်းမြို့နယ်၊ တာကော်ကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ရှောက်ကွာ မောင်းနှင်ပြီး ရှောက်ဝိန်လိုက်ပါလာသည့် CROWN အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ဘလောက်တုံး ၁၇ တုံးနှင့် အလေးချိန် ၅ ဒသမ ၉၅ ကီလိုကို လည်းကောင်း၊ အလားတူ ဩဂုတ် ၆ ရက် ည ၉ မိနစ် ၃၀ တွင် ပူးပေါင်းအဖွဲ့သည် ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာရှိ X-Ray စက်စစ်ဆေးရေးဂိတ်တွင် ကောင်းမြတ်သော် မောင်းနှင်ပြီး ကျော်ဇောဟိန်း(ခ) ကျော်ကြီးနှင့် ငြိမ်းချမ်းတို့လိုက်ပါလာသည့် EXPRESS အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၂,၅၀၀ ကိုလည်းကောင်း ကွင်းဆက်အရ ည ၁၁ နာရီတွင် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၃) ရပ်ကွက်၊ ပိတောက်လမ်းရှိ မော်တော်ယာဉ်ဂိတ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင် ရာ၌ ပူးပေါင်းပါဝင်သူ အောင်အောင်(ခ) ဦးအောင်အား ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(သတင်းစဉ်)