ဝါးခယ်မ ဒီဇင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် သဲကုန်းကျေးရွာအုပ်စုရှိ ဆီထွက်သီးနှံ (မြေပဲ) စိုက်ပျိုးထုတ်လုပ်သော သမဝါယမအသင်းများမှ အသင်းသားတောင်သူများအား စိုက်ပျိုးရေး သွင်းအားစုများ ဖြန့်ဖြူးပေးအပ်ပွဲကို ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းက သဲကုန်းကျေးရွာ၌ ပြုလုပ်သည်။
ဦးစွာ သမဝါယမဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးကျော်စိုးမင်းက အသင်းသား တောင်သူများနှင့်တွေ့ဆုံ၍ ပေါင်းစည်းဝေဆာ စိုက်/ထွေသမဝါယမအသင်းမှ အသင်းသားတောင်သူ များအား စိုက်ပျိုးထုတ်လုပ်မှုစရိတ်နှင့် စိုက်ပျိုးရေးသွင်းအားစုများ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။
ထို့နောက် သဲကုန်းကျေးရွာမှ အသင်းသားတောင်သူ ဦးအေးသိန်း၏ လယ်မြေသုံးဧကတွင် ဆီထွက်သီးနှံ (မြေပဲ) ထွန်ယက် စိုက်ပျိုးနေမှုအား တိုင်းဒေသကြီးညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ အသင်းသား တောင်သူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)


