သုဝဏ္ဏဝတီ ၁၅   ဖေဖေါ်ဝါရီ 


မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့အနီး ဝင်းပကျေးရွာအုပ်စု ဝင်းပကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ဖေဖေါ်ဝါရီ ၁၅ ရက် နံနက် ၉ နာရီအချိန်က နွေရာသီအတွင်း သောက်သုံးရေ ရှားပါးမူကို အဆင်ပြေစေရန်အတွက် လွန်ခဲ့သောနှစ် သြဂုတ်လလယ်မှ စတင်၍ လူမူဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ထောက်ပံ့ငွေဖြင့် သထုံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စက်ရေတွင်းနှင့်ရေစင်တည်ဆောက်ခြင်းလုပ်ငန်းများ ပြီးစီး၍ ဖွင့်လှစ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။


ဖွင့်လှစ်ပွဲအခမ်းအနားတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူဦးစီးဌာန မွန်ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူးဦးသောင်းရွှေ က ပြည်နယ်ဌာနမှ လုပ်ဆောင်ချက်များကို ပြည်သူများအား ရှင်းလင်းပြောပြားပြီး ဒေသခံ ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


သထုံမြို့နယ်အတွင်း စက်ရေတွင်းတူးဖော်ခြင်းနှင့် ရေစင်တည်ဆောက်ရေးလုပ်ငန်းများကို နွေရာသီအတွင်း သောက်သုံးရေ ဖူလုံစွာ ရရှိစေရေးအတွက် ဝင်းပကျေးရွာအုပ်စု ဒညင်းကုန်းကျေးရွာတွင်၎င်း၊ တံတားဦးကျေးရွာအုပ်စု နန်းတောင်းကျေးရွာတွင်၎င်း၊ ထောက်ပံ့ငွေ စုစုပေါင်း သိန်း ၁၅၆ အကုန်အကျခံ တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ တစ်နေ့တည်း ဖွင့်လှစ်ပေးခဲ့ကြောင်း ပြည်နယ်ဦးစီးမှူးက ပြောသည်။


ခွန်(ဝင်းပ)