ဖနောင်ပင်   စက်တင်ဘာ  ၁

ကမ္ဘောဒီးယားနိုင်ငံ၏   နာမည်ကျော် အန်ကောရှေးဟောင်းသုတေသနဥယျာဉ်သို့ ၂၀၂၅ ခုနှစ်  ပထမရှစ်လအတွင်း နိုင်ငံတကာခရီးသွား ၆၆၉၆၁၉ ဦး လာရောက်လေ့လာခဲ့ပြီး    အဆိုပါပမာဏသည် လွန်ခဲ့သောနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂ ဒသမ ၇ ရာခိုင်နှုန်းတိုးလာခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တစ်ခုတွင် စက်တင်ဘာ ၁ ရက်က ဖော်ပြခဲ့ သည်။

၂၀၂၅  ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ လက်မှတ်ရောင်းရငွေစုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၁ သန်းရှိသည်။  လက်မှတ်ရောင်းရငွေသည် တစ်နှစ်ပြီးတစ်နှစ် ၂ ဒသမ ၄ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း နိုင်ငံပိုင် အန်ကောအင်တာပရိုက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၅ ခုနှစ် သြဂုတ်လတွင် အန်ကောဝပ်သို့   နိုင်ငံခြားခရီးသွား  ၅၀၈၄၈ ဦး  လာရောက်လေ့လာခဲ့ပြီး အမေရိကန်ဒေါ်လာ   ၂ ဒသမ ၄၂ သန်းရရှိခဲ့သည်။

ဆီရမ်ရိပြည်နယ်အနောက်မြောက်ပိုင်းတွင် တည်ရှိသည့်  ယူနက်စကိုအမွေအနှစ် စာရင်းဝင်နေရာ တစ်ခုဖြစ်သော အန်ကောဝပ်၌  ကိုးရာစုမှ   ၁၃ ရာစုအထိရှိသော ရှေးဟောင်းဘုရားပေါင်း ၉၁ ဆူ ရှိသည်။

အမေရိကန်ပြည်ထောင်စု၊ အင်္ဂလန်၊  ပြင်သစ်နိုင်ငံမှ နိုင်ငံခြားခရီးသည်များ အများဆုံးလာရောက်လေ့လာကြပြီး တရုတ်နိုင်ငံမှ  ခရီးသည်များလည်း  လာရောက်လေ့လာကြသည်။                         

ဆင်ဟွာ