Latest News

နောက်ဆုံးရသတင်းများ

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေး (၂/၂၀၁၉) သို့ တက်ရောက်အမှာစကားပြောကြား

ပြည်တွင်း

09/07/19

နေပြည်တော် ၉ ဇူလိုင် 

အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်ညှိနှိုင်းအစည်းအဝေး (၂/၂၀၁၉)ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။

ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းကို ကစားသမား ၄၅ ဦးဖြင့် ဖွဲ့စည်း

အားကစား

09/07/19

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အကြိမ် (၃၀) မြောက် ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ရန် ပဏာမကစားသမား ၄၅ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်သည်။ 

မောင်တောမြို့နယ်၌ အစ္စလာမ်ဘာသာဝင် ၆၃ ဦး တင်ဆောင်လာသည့် စက်လှေတစ်စီးနှင့် လှေလုပ်သားလေးဦးအား ဖမ်းဆီးရမိ

မှုခင်း

09/07/19

နေပြည်တော် ၉ ဇူလိုင် 

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြင်းလွတ်ကျေးရွာအနီး ပင်လယ်ကမ်းခြေ၌ ဇူလိုင် ၇ ရက် နံနက်ပိုင်းက အစ္စလာမ်ဘာသာဝင် အမျိုးသား  ၂၉ ဦး၊ အမျိုးသမီး ၃၄ ဦး စုစုပေါင်း ၆၃ ဦးကို စက်လှေလုပ်သား လေးဦး၊ သေနတ်တစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည်  ၉၉ တောင့်နှင့်အတူ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး  မစ္စတာချန်းဟိုင်အား လက်ခံတွေ့ဆုံ

ပြည်တွင်း

09/07/19

နေပြည်တော် ၉ ဇူလိုင်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲတော် ကျင်းပ

ပြည်တွင်း

09/07/19

နေပြည်တော် ၉ ဇူလိုင် 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် တက်ရောက်ပြီး စိန်ပန်းပင်အား စိုက်ပျိုပေးသည်။ 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် နော်ဝေသံအမတ်ကြီး Ms.Tone Tinnes အား လက်ခံတွေ့ဆုံ

ပြည်တွင်း

09/07/19

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး Ms. Tone Tinnes အား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

လာမည့်ရက်များအတွင်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးဆက်လက်ပိုနေမည်

မိုးလေဝသ

09/07/19

နေပြည်တော် ၉ ဇူလိုင်

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ည ၇ နာရီတွင် နေ့စဉ်မိုးလေဝသသတင်း ထုတ်ပြန်ရာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်အတွင်း ယာယီစခန်းများ တည်ဆောက်ခြင်းနှင့် ပြန်လည်နေရာချထားခြင်းကိစ္စရပ်များ ညှိနှိုင်းဆွေးနွေး

ပြည်တွင်း

09/07/19

ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရသော ပုဂံဒေသကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံကျော် အဆိုတော်များက ဂီတပွဲဖြင့် အခမဲ့ဖျော်ဖြေမည်

အနုပညာရပ်ဝန်း

09/07/19

မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များ စုဝေးတည်ရှိရာ ပုဂံဒေသသည် မြန်မာနိုင်ငံတွင် ဒုတိယမြောက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသအဖြစ် ယူနက်စကိုအောက်ရှိ ကမ္ဘာအမွေအနှစ်ကော်မတီ၏ အသိအမှတ်ပြုမှုကို

အဖတ်များဆုံး သတင်း