Latest News
နောက်ဆုံးရသတင်းများ
ဒုတိယဝန်ကြီး ဦးအောင်လှထွန်း မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ
09/07/19
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး Mr. Bhim K. Udas အား ယနေ့နံနက် ၁၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး နော်ဝေသံအမတ်ကြီး Ms. Tone Tinnes အား လက်ခံတွေ့ဆုံ
09/07/19
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး Ms. Tone Tinnes အား ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ နော်ဝေနိုင်ငံသံအမတ်ကြီး Mrs. Tone Tinnes နှင့်အဖွဲ့အား တွေ့ဆုံ
09/07/19
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး Mrs. Tone Tinnes နှင့်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ ဒုတိယအစည်းအဝေး ဒုတိယနေ့ကျင်းပ
09/07/19
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့(၄၇)ပါးစုံညီ ဒုတိယအစည်းအဝေး ဒုတိယနေ့ကိုယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။
မြစ်ကြီးနား၌ Food Box နှစ်နေရာ စတင်ချထားပေး
09/07/19
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် Box Mother လူငယ်ပရဟိတအဖွဲ့မှ ဦးဆောင်၍ Food Box များကို မြစ်ကြီးနားမြို့ရှိ လူစည်ကားသည့် နေရာနှစ်နေရာတွင် ဇူလိုင် ၈ ရက် မွန်းလွဲပိုင်းမှစတင်ကာ ချထားပေးကြောင်း သိရသည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေ
09/07/19
လွန်ခဲ့သော(၂၄)နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း တွင် နေရာကွက်ကျား၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲ၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာ ခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ချင်း ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကျောက်တံခါးမြို့နယ် အတွင်းရှိ ကျောင်း ၁၄ ကျောင်း ပိတ်ထားရ
09/07/19
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၌ မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် ------------
မိတ္ထီလာတွင် စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ဒုတိယနေ့ ဆက်လက်ကျင်းပ ကလေးစာပေစာအုပ်များအား ကျောင်းသူကျောင်းသားများ စိတ်ဝင်တစား ဝယ်ယူအားပေး
09/07/19
မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးကျင်းပလျက်ရှိသည့် စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်း ပွဲတော်ကို --------
စီးပွားရေးစိုက်ခင်းဟောင်းများ ပြန်လည်ပြုစုထိန်းသိမ်းခြင်းဧက(၇၀ဝ) လုပ်ဆောင်လျက်ရှိ
09/07/19
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံပိုင်စီးပွားရေးစိုက်ခင်းဟောင်း ဧက ၇၀ဝ ကို ပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ စတင်ပြီး လုပ်ဆောင်လျက်ရှိရာ ယခုအခါတွင်(၅၁၄)ဧကပြီးစီးပြီ ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် လူဦးရေ အချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်းဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ
09/07/19
မော်လမြိုင်ကျွန်းမြို့နယ် မြို့နယ်လူဦးရေစာရင်း အချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် အခြေခံ မဲဆန္ဒရှင် စာရင်းပြုစုခြင်းဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးပွဲကို -------