Latest News

နောက်ဆုံးရသတင်းများ

အရိုးရောဂါပညာနှင့် ခွဲစိတ်ပညာဘာသာရပ်များ အဆင့်မြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်

ပြည်တွင်း

15/06/19

အရိုးရောဂါပညာနှင့် ခွဲစိတ်ပညာဘာသာရပ်များ အဆင့်မြှင့်တင်ရေးညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ Training Center ၌ ကျင်းပသည်။

တာချီလိတ်မြို့နယ်၌ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးပြုလုပ်ရာအသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် လက်နက်ခဲယမ်းများ ပိုင်ရှင်မဲ့သိမ်းဆည်းရမိ

မှုခင်း

15/06/19

တာချီလိတ်မြို့နယ်၊ ပါခါးကျေးရွာအနီး မြေသားရေမြောင်းအတွင်း၌ တာလပတ်စ/ သစ်ကိုင်းများဖြင့် ဖုံးကွယ်ထားသည့် ဆာလာအိတ် ၂၁ အိတ်အား မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ပူးပေါင်းအဖွဲ့မှ ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် စစ်ဆေးရာ စိတ်ကြွဆေးပြား ၄၂ ဒသမ ၅၄ သိန်း ၊ စိတ်ကြွဆေးမှုန့် ၁ ဒသမ ၉ ကီလို ၊ ကတ်တမင်း ၉၀ဝ ဂရမ် ၊ ဘိန်းညိုမှုန့် ၅ ကီလို ၊ သေနတ်မျိုးစုံ ၉ လက်၊ ကျည်အိမ် ၈ ခု၊ ခဲယမ်းမျိုးစုံ ၁၉,၂၇၉ တောင့်၊စကားပြောစက် ၄ လုံးတို့အား ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့သည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲနှင့် သုတစုံလင် ဗုဒ္ဓဝင်ဆုရ ကျောင်းသား ကျောင်းသူများ ဂုဏ်ပြုပွဲနှင့် ကျောင်းဆောင်သစ်ပေးအပ်လှူဒါန်းပွဲကျင်းပ

ပြည်တွင်း

15/06/19

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းများ၊ ဆရာ ဆရာမများ၊ ဂုဏ်ထူးရရှိခဲ့ကြသည့် ..........

MNL အမှတ်ပေးပြိုင်ပွဲ ဒုတိယအကျော့ စတင်ကျင်းပ

အားကစား

15/06/19

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ဒုတိယအကျော့ အဖွင့်ရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ် (၁၂) ပထမနေ့ကို ယနေ့ ညနေပိုင်းက စတင်ကျင်းပရာ တောင်ကြီးမြို့၌ ကျင်းပသည့် ရှမ်းယူနိုက်တက်နှင့် Chinland အသင်းပွဲကို ..........

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား  မိုးရာသီဘောလုံးပြိုင်ပွဲကျင်းပ

အားကစား

15/06/19

၂၀၁၉ ခုနှစ် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား မိုးရာသီ ဘောလုံးပြိုင်ပွဲ (တတိယအကြိမ်)ဖွင့်ပွဲ အခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားလေ့ကျင့်ရေးကွင်း၌ ..........

မြန်မာလှေလှော်အားကစားအဖွဲ့အား ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် လမ်းညွှန်မှာကြား

ပြည်တွင်း

15/06/19

ထိုင်းနိုင်ငံ Pattaya ကမ်းခြေတွင် ဇွန် ၁၈ မှ ၂၃ ရက်အထိ ကျင်းပမည့် အရှေ့တောင်အာရှ သက်ငယ်တန်းနှင့် သက်ကြီးတန်း အနောက်တိုင်း လှေလှော်ဖိတ်ခေါ် ပြိုင်ပွဲနှင့် .............

ရှမ်းယူနိုက်တက်အသင်း ၂၀၁၉ ရာသီ MFF ချာရတီဖလားကို ပြည်နယ်ဝန်ကြီးချုပ်ထံ အပ်နှံပြီး အောင်မြင်မှုရခဲ့သည့် နည်းပြများကို ဂုဏ်ပြု

အားကစား

15/06/19

ရှမ်းယူနိုက်တက်အသင်းသည် ၂၀၁၉ ရာသီကြိုပြိုင်ပွဲဖြစ်သည့် MFF ချာရတီဖလားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် ဆုဖလားအပ်နှံပွဲနှင့် ၂၀၁၇ ရာသီတွင် ရှမ်းယူနိုက်တက်အသင်းကို အောင်မြင်မှုရအောင် စွမ်းဆောင်ပေးခဲ့သည့် နည်းစနစ်ဒါရိုက်တာ ဦးဆန်းဝင်းနှင့် နည်းပြချုပ် ဦးစိုးမြတ်မင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် တာဝန်ရှိသူများ၊ ရှမ်းယူနိုက်တက်ဘောလုံးအသင်း ဥက္ကဋ္ဌ ဦးခွန်နောင်မြင့်ဝေနှင့် အသင်းတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုန်လေ အားကောင်းနေ

မိုးလေဝသ

15/06/19

၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၅)ရက်နေ့ ည(၇:ဝ၀)နာရီအချိန် မိုးဇလမှ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုန်လေ အားကောင်းနေပါသည်။

ရှေးဦးအရွယ်ကလေးသူငယ်များအား စနစ်တကျ ပြုစုစောင့်ရှောက်ရေးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေး ကြိုတင်ကာကွယ်ရေးဆွေးနွေး

ပြည်တွင်း

15/06/19

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းတွင် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ လူမှုဝန်ထမ်းဦးစီးဌာန၏ ............

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်မြတ်အေး ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လူငယ်ရေးရာကော်မတီဝင်များ၊ အဖွဲ့အစည်းအသီးသီးမှ လူငယ်များနှင့်တွေ့ဆုံ

ပြည်တွင်း

15/06/19

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ...........