Latest News

နောက်ဆုံးရသတင်းများ

ပြင်ဦးလွင်မြို့ရှိ  ကန်တော်လေးရေကန်အတွင်း သန့်ရှင်းသာယာလှပရေး စုပေါင်းဆောင်ရွက်

ပြည်တွင်း

25/05/19

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ကန်တော်လေးရေကန် သန့်ရှင်းသာယာလှပစေရေးအတွက်   ပြင်ဦးလွင် တပ်နယ်မှူး ဦးဆောင်သော စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှူရေးအသင်းအဖွဲ့များ၊ စည်ပင်ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၈၂၃) ဦးခန့်သည်  ယနေ့နံနက် (၇) နာရီက ရေကန်အတွင်းနှင့် ရေကန်ဘောင်တစ်လျှောက် သန့်ရှင်းသာယာလှပရေး စုပေါင်းလုပ်အားပေးခဲ့ကြကြောင်း သိရသည်။ 

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့်အဖွဲ့ မဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် ဝန်ကြီးအဆင့်အစည်းအဝေးများသို့ တက်ရောက်

ပြည်တွင်း

25/05/19

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီယမ်ရိမြို့တွင် မေ (၂၃)ရက်မှ (၂၄)ရက်အထိ ကျင်းပသည့် (၁၄)ကြိမ်မြောက် မဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် (၈)ကြိမ်မြောက် မဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးများသို့ တက်ရောက်ခဲ့သည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်)၌ ဖျော်ဖြေတင်ဆက်သည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုယိမ်းအကများ၊ ပဒေသာယိမ်းအကများနှင့် အငြိမ့်တို့အား တက်ရောက်ကြည့်ရှုအားပေး

ပြည်တွင်း

25/05/19

အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်)သို့ လာရောက်ကြည့်ရှုလေ့လာကြသည့် အများပြည်သူများ ကြည်နူးပျော်ရွှင်စွာ အပန်းဖြေစေနိုင်ရန်အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက   တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု ယိမ်းအကများ၊ ပဒေသာယိမ်းအကများနှင့် အငြိမ့်တို့ဖြင့် ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်) ၌ ဖျော်ဖြေတင်ဆက်ရာ  ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ကြည့်ရှု အားပေးသည်။

ပြည်လုံးကျွတ်ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ပြည်တွင်း

25/05/19

၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကရင်ပြည်နယ် ပြည်လုံးကျွတ်ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကရင်ပြည်နယ် ဘားအံမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။ 

ဂိုးပြတ်အနိုင်ရလဒ်ကြောင့် ရှုံးထွက်ဗိုလ်လုပွဲရောက်ရန် နီးစပ်သွားသည့် ရှမ်းယူနိုက်တက်

အားကစား

25/05/19

၂၀၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့ (ပထမနေ့)ကို ယနေ့ညနေပိုင်းက သုဝဏ္ဏကွင်း၌ ကျင်းပရာ ရှမ်းယူနိုက်တက်အသင်းက ရခိုင်အသင်းကို လေးဂိုးပြတ် အနိုင်ရခဲ့သည်။

ဟိုပုံးမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ပြည်တွင်း

25/05/19

ဇွန်  ၅ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိန်းရေးနေ့ အထိမ်းအမှတ်အဖြစ် ဟိုပုံးမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုးဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့မဆည် ကန်ပတ်လည်တစ်လျှောက်၌ ယနေ့နံနက် ၆ နာရီခွဲက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

(၁၃)ကြိမ်မြောက် အမျိုးသားအဆင့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲအခမ်းနား ကျင်းပ

ပြည်တွင်း

25/05/19

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ILO တို့ပူးပေါင်း၍ (၁၃)ကြိမ်မြောက် အမျိုးသားအဆင့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ ကျင်းပသည်။ 

အဖတ်များဆုံး သတင်း