Latest News

နောက်ဆုံးရသတင်းများ

မြန်မာအသင်းများကို ဆီးကြိုနေသည့် နိုင်ငံတကာပြိုင်ပွဲများ

အားကစား

25/05/19

မြန်မာ့လက်ရွေးစင်အသင်းနှင့် သက်တမ်းအလိုက် လူငယ်လက်ရွေးစင် အသင်းများသည် ပထမနှစ်တစ်ဝက်တွင် နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့သလို ဒုတိယနှစ်တစ်ဝက်တွင်လည်း နိုင်ငံတကာပြိုင်ပွဲများက ဆီးကြိုလျက်ရှိသည်။ 

ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လမ်း၊ တံတား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ပြည်တွင်း

25/05/19

နေပြည်တော် ၂၅ မေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး၊ လမ်းဉီးစီးဌာန၊ ခရိုင်နှင့် အထူးအဖွဲ့တို့မှ ရန်ကုန် - ပုသိမ် လမ်းမကြီးအား အပိုင်းလိုက်တာဝန်ယူ၍ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ကျိုင်းတုံခရိုင်ရုံးအား ကြည့်ရှုစစ်ဆေး

ပြည်တွင်း

25/05/19

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ မေ (၂၅) ရက် မွန်းလွဲပိုင်းက ကျိုင်းတုံခရိုင်အတွင်းရှိ မြို့နယ်ဦးစီးမှူးများ၊ တွဲဖက်ပြည်နယ်ရုံးမှ ဝန်ထမ်းများ၊ ကျိုင်းတုံခရိုင်ရုံးမှ ဝန်ထမ်းများ၏ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် ကြည့်ရှုစစ်ဆေးခဲ့သည်။

အဓမ္မခိုင်းစေမှု ပပျောက်ရေး အမျိုးသားအဆင့် တိုင်ကြားမှုယန္တရား ထူထောင်မည်

ပြည်တွင်း

25/05/19

မြန်မာနိုင်ငံတွင် အဓမ္မခိုင်းစေမှု ပပျောက်ရေး အမျိုးသားအဆင့် တိုင်ကြားမှုယန္တရား ထူထောင်ရန် ပြင်ဆင်လျက်ရှိပြီး နိုင်ငံတော်အနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးက အသိအမှတ်ပြုသည့် အမျိုးသားအဆင့် တိုင်ကြားမှုယန္တရားကို ပြည့်ပြည့်စုံစုံ ဆောင်ရွက်သွားမည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေထံမှ သိရသည်။ 

ရန်ကုန်-မန္တလေး ကားလမ်းဟောင်း၌ ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွား

မှုခင်း

25/05/19

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် တောကျွဲအင်း (ခ) အောင်မြင်နယ်မြေရဲစခန်းအပိုင် ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၁၃/ဝ နှင့် ၁ အကြား အောင်ချမ်းသာ ကျေးရွာအနီး၌ ယနေ့ မွန်းလွဲ ၁ နာရီက ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ပွားခဲ့သည်။

တောင်ကိုရီးယားကလပ် ပိုဟန်စတီးလားစ်အသင်းနှင့် မြန်မာအသင်းများ ခြေစမ်းပွဲကစားမည်

အားကစား

25/05/19

တောင်ကိုရီးယားနိုင်ငံ၏ အဆင့်မြင့်ဆုံး လိဂ်ပြိုင်ပွဲဖြစ်သော K-League တွင် ယှဉ်ပြိုင်နေသည့် ပိုဟန်စတီးလားစ်အသင်းနှင့် မြန်မာအသင်းများ၏ ခြေစမ်းပွဲကို ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်သည်။

ကြို့ပင်ကောက်မြို့တွင် Express ကားနှင့် ၁၂ ဘီး ကုန်တင်ကား မျက်နှာချင်းဆိုင်တိုက်မိ တစ်ဦးသေဆုံးပြီး ၂၄ ဦး ဒဏ်ရာရ

မှုခင်း

25/05/19

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်က ရန်ကုန်ပြည်ကားလမ်း အောင်မြင်မြင့်မိုရ် ဆေးရုံရှေ့၌ ဧရာသစ္စာ ခရီးသည်တင် Express ကားနှင့် ၁၂ ဘီးကုန်တင်ကားတို့ မျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွားခဲ့သည်။

ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျသည့်နေရာ၌ ရေထိန်းကျောက်စီခြင်းလုပ်ငန်း စုပေါင်းဆောင်ရွက်

ပြည်တွင်း

25/05/19

လင်းခေး ၂၅ မေ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ နားကုန်းကျေးရွာအုပ်စု၊ ခွန်အွတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း နံဘေးရှိ နမ့်တိန်းချောင်းရေ တိုက်စားမှုကြောင့် မြေကမ်းပါးပြိုကျနေမှုအား ရေထိန်းကျောက်စီခြင်းလုပ်ငန်းကို ယနေ့ နံနက် ၈ နာရီက စတင်ဆောင်ရွက်ခဲ့သည်။

 

အဖတ်များဆုံး သတင်း