Latest News
နောက်ဆုံးရသတင်းများ
အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပင်စင်လစာများကို ဘဏ်ခွဲ(၂၈၁)ခုတွင် Myanmar Mobile Money ဖြင့်လည်း ထုတ်ယူနိုင်
25/05/19
အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပင်စင်လစာများကို မိုဘိုင်းပေးမင့် (Mobile Payment) များ အသုံးပြု၍ လွယ်ကူသက်သာစွာ ထုတ်ယူနိုင်ပြီး ဘဏ်ခွဲ(၂၈၁) ခုတွင် Myanmar Mobile Money ဖြင့်လည်း ထုတ်ယူနိုင်ကြောင်း သိရသည်။
ဝိုင်းမော်မြို့နယ် နန်ဆန်ယန်ကျေးရွာ၌ ပြန်လည်အခြေချနေထိုင်လျက်ရှိသော ဒေသခံပြည်သူများအား ထောက်ပံ့
25/05/19
နေပြည်တော် ၂၅ မေ
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမျိုးအောင် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေး
25/05/19
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်ဒေါက်တာ မျိုးအောင်သည် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးဆန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်တို့နှင့်အတူ နေပြည်တော်ကောင်စီ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော တိုးချဲ့ဝန်ထမ်းအိမ်ရာများဖြစ်သည့် ညွှန်ကြားရေးမှူးချုပ်အိမ်ရာ (၁၀)လုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးအိမ်ရာ (၁၀)လုံး၊ အရာထမ်းအိမ်ရာ (၁၅)လုံး၊ အမှုထမ်းအိမ်ရာ (၂၅)လုံး၊ လူပျိုဆောင်/အပျိုဆောင် (၁၆)လုံး စုစုပေါင်း (၇၆)လုံး ဆောက်လုပ်နေမှုများနှင့် ပြီးစီးမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးသည်။
မရမ်းကုန်းမြို့နယ်၌ ဗုံးသီးဟောင်း ၁ လုံးတွေ့ရှိ
25/05/19
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင် ကုမ္ပဏီရုံးဆောက်လုပ်ရန် ဖောင်ဒေးရှင်းတူးဖော်စဉ် ဗုံးသီးဟောင်း ၁ လုံး တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်
25/05/19
မေ ၂၄ ရက် နံနက် ၄ နာရီခွဲခန့်က နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် တဲကြီးကုန်းကျေးရွာပါ ၂ ရွာတို့၌ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၂ လုံး အမိုးလန်ပျက်စီးခဲ့ကြောင်းနှင့် ......
ပဋိပက္ခများအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အဆုံးသတ်ရေး နိုင်ငံတကာညီလာခံသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြား
25/05/19
နော်ဝေနိုင်ငံ၊ အော်စလိုမြို့၌ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့က ကျင်းပသည့် ပဋိပက္ခများအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အဆုံးသတ်ရေး နိုင်ငံတကာညီလာခံသို့ တက်ရောက် အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နော်ဝေအပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်တို့နှင့် သီးခြားစီတွေ့ဆုံ
25/05/19
နော်ဝေနိုင်ငံ၊ အော်စလိုမြို့၌ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် နော်ဝေအပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Mr. Dag-IngeUlstein နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် Mr. Yves Daccord နှင့်အဖွဲ့တို့အား ယမန်နေ့နံနက်ပိုင်းက Radisson Blu Hotel သီးသန့်ဧည့်ခန်းမဆောင်၌ သီးခြားစီတွေ့ဆုံသည်။
နိုင်ငံတစ်ဝန်း လေပြင်းတိုက်ခတ်မှုများကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်
25/05/19
ယမန်နေ့ နံနက် ၉ နာရီခွဲခန့်အချိန်က ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာ၌ လေပြင်းတိုက်ခတ်သဖြင့် လူနေအိမ် ၃ လုံး သွပ်မိုးအမိုးလန်ပျက်စီးသွားသည်။
ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် ရွှေစင်ရွှေသားမျက်ပါး ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း တို့အတွက် ရေစက်သွန်းချ အခမ်းအနား ကျင်းပ
25/05/19
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ရွှေစင်ရွှေသားမျက် ပါးရွှေသင်္ကန်းများ ကပ်လှူပူဇော်ခြင်း၊ စေတီတော် ပတ်ပတ်လည်တွင်ရှိ ..........