Latest News

နောက်ဆုံးရသတင်းများ

တာချီလိတ်မြို့တွင် ကလေးစာပေပွဲတော်ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်တွင်း

24/05/19

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ကလေးစာပေပွဲတော်ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ ကျင်းပ

လွှတ်တော် သတင်းများ

24/05/19

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မြို့နယ်အချို့တွင်မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ 

မှုခင်း

24/05/19

မံဝိန်းကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂၃ ရက် နံနက် ၈ နာရီခွဲက မံစီမြို့နယ်၊ မံဝိန်းကြီးကျေးရွာအနီးရှိ လယ်ကွင်းအစပ်တွင်တွေ့ရှိသူ ဆန်းထွန်းနှင့် မခါးရာ တို့အား စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၅၃ ဒသမ ၉ ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေး ၂,ဝ၅၈ ပြားတို့ကို သိမ်းဆည်းရမိခဲ့သည်။ 

ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှု အကောင်အထည် ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် ကချင်ဒေသစစ်ဘေးရှောင် ပြည်သူများအား ကူညီစောင့်ရှောက်ရေး ကော်မတီ (KHCC)တို့  ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်တွင်း

24/05/19

ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် ကချင်ဒေသစစ်ဘေးရှောင် ပြည်သူများအား ကူညီ စောင့်ရှောက်ရေး ကော်မတီ (KHCC) တို့၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

မြန်မာတက္ကသိုလ်များ သုတေသနညီလာခံ(၂၀၁၉ ) ဖွင့်ပွဲအခမ်းအနားကျင်းပ

ပြည်တွင်း

24/05/19

မြန်မာတက္ကသိုလ်များ သုတေသနညီလာခံ(၂၀၁၉) Myanmar Universities’ Research Conference 2019 ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပသည်။

ကရင်ပြည်နယ်အတွင်းရှိ ဂရန်အင်းနှင့်တင်ဒါငါးဖမ်းကွက်များအား ၂၀၁၉-၂၀၂၀ လုပ်ငန်းရာသီနှစ်အတွက် လေလံတင်ရောင်းချ

ပြည်တွင်း

24/05/19

ကရင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ၂၀၁၉-၂၀၂၀ လုပ်ငန်းရာသီနှစ်အတွက် ပြည်နယ်အတွင်းရှိ ဂရန်အင်း (၂၆ )အင်းနှင့် တင်ဒါငါးဖမ်းကွက် ( ၂၉ )ကွက်တို့အား လေလံတင်ရောင်းချသည့် အခမ်းအနားကို မေလ ၂၄ ရက်နေ့ မွန်းလွှဲ ၁ နာရီအချိန်ခန့်က ဘားအံမြို့ ကရင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပသည်။

အမျိုးသားလွှတ်တော်သို့ လာရောက်ကြည့်ရှုလေ့လာ

ပြည်တွင်း

24/05/19

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နော်လှလှစိုး၊  ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၀)၏ မိတ်ဆွေများဖြစ်သော World Food Programme ရုံးမှ ဝန်ထမ်း ၃၁ ဦး၊ တောင်ငူပညာရေးကောလိပ်မှ လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ် ပညာသင်တန်း အမှတ်စဉ် (၆/၁၉) သင်တန်းသား၊ သင်တန်းသူများနှင့် ကြီးကြပ်သူ ဆရာ၊ ဆရာမ ၁၀ဝ ဦးတို့သည် အမျိုးသားလွှတ်တော်အစည်းအဝေးသို့ လာရောက်လေ့လာ ကြကြောင်းသိရသည်။

မိုးကောင်းမြို့နယ်၌ တုန်ဖုန်းယာဉ်နှင့်ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်စီးနင်းသူ သုံးဦး သေဆုံး

မှုခင်း

24/05/19

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကညင်မြိုင်ကျေးရွာ၌ ယနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်က တုန်ဖုန်းယာဉ်နှင့် ဆိုင်ကယ်တိုက်မိမှုဖြစ်ပွားခဲ့ရာ ဆိုင်ကယ်စီးနင်းလာသူသုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့၌ ရေကြောင်းပို့ဆောင်ရေးကဏ္ဍ ဘေးကင်းလုံခြုံမှုရှိရေး ရေယာဉ်များ စနစ်တကျပြေးဆွဲရေး၊ စည်းကမ်းလိုက်နာရေး အသိပညာပေးဆွေးနွေး

ပြည်တွင်း

24/05/19

ငါန်းဇွန်  ၂၄  မေ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲက ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေကြောင်းပို့ဆောင်ရေးကဏ္ဍ ဘေးကင်းလုံခြုံမှုရှိရေး ရေယာဉ်များ စနစ်တကျပြေးဆွဲရေး၊ စည်းကမ်းလိုက်နာရေး အသိပညာပေးဆွေးနွေးပွဲကျင်းပခဲ့သည်။

မူဆယ်မြို့တွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ မေလအထိ လူကုန်ကူးမှု ၁၉ မှုဖြစ်ပွား၊ အများစုမှာ အမျိုးသမီးများဖြစ်

ပြည်တွင်း

24/05/19

မူဆယ် ၂၄    မေ

နယ်စပ်ဒေသ၊ မူဆယ်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ လူကုန်ကူးသည့်အမှု(၁၉)မှုမှ လူကုန်ကူးခံရသူ အများဆုံးသည် မိန်းကလေးများ ဖြစ်ကြောင်း အမှတ်(၁၇)၊ ခရိုင်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(မူဆယ်)မှ ယာယီရဲမှူးမြင့်သိန်း၏ ပြောပြချက်အရ သိရသည်။

အဖတ်များဆုံး သတင်း