Latest News
နောက်ဆုံးရသတင်းများ
လားရှိုးမြို့ရှိ နမ့်ကျန်ရေလှောင်တစ်မံအတွင်း ရေနစ်ပျောက်ဆုံးသူအား ပြန်လည်တွေ့ရှိ
24/05/19
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ နမ့်ကျန်ရေလောင်တမံတွင် မေလ ၂၃ ရက်က အမျိုးသားတစ်ဦး ရေနစ်ပျောက်ဆုံးသွားရာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်တိုက်ရှာဖွေမှုများပြုလုပ်ခဲ့ပြီး ယနေ့ မွန်းလွဲ ၁၂ နာရီ ၄၈ မိနစ်တွင် အဆိုပါ အမျိုးသားအား သေဆုံးလျက် ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း သိရသည်။
ကော့သောင်းမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ
24/05/19
ကော့သောင်း ၂၄ မေ
ကော့သောင်းမြို့နယ်၊ဘောလုံးအဖွဲ့ချုပ်နှင့် SBK ဖူဆယ်ဘောလုံးကလပ်တို့ပူးပေါင်းကျင်းပသည့် ရပ်ကွက်နှင့်ကျေးရွာပေါင်းစုံ Grang Pening အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းက ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ နိုင်ငံတကာအဆင့်မှီSBK မြက်ခင်းတုဖူဆယ်ဘောလုံးကွင်းတွင် ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ် အခွန်လျာထားချက် ပြည့်မီကျော်လွန်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
24/05/19
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် အခွန်လျာထားချက် ပြည့်မီကျော်လွန်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် စစ်တွေမြို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ - ၁ ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု တက်ရောက် အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ဥက္ကဋ္ဌ ဦးအောင်မြင့်ထူး နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
24/05/19
နေပြည်တော် ၂၄ မေ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ ဥက္ကဋ္ဌ ဦးအောင်မြင့်ထူးနှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ
24/05/19
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး Mrs. Suphatra Srimaitreephithak အား ယနေ့နံနက် (၁၀) နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
မိုင်းယောင်း၌ ရွေ့လျားပြည်သူ့ဝန်ဆောင်မှုစနစ်ဖြင့် လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေး
24/05/19
မိုင်းယောင်း ၂၄ မေ
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ဌာန (၁၀) ခုပါဝင်သော ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) ဖြင့် ပြည်သူများအရောက် လုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ မေ ၂၄ ရက် မွန်းလွှဲ ၁ နာရီက ဝမ်ကောင်းကျေးရွာအုပ်စု ဝမ်ကောင်း ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး Mrs. SuphatraSrimaitreephithak အားလက်ခံတွေ့ဆုံ
24/05/19
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး Mrs. Suphatra Srimaitreephithak အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
မန္တလေးတိုင်းဒေသကြီးတွင် နှစ်ရက်အတွင်း လေပြင်းတိုက်ခိုက်မှုများကြောင့် မြို့နယ်များရှိ နေအိမ်ပေါင်း ၃၅၀ ပျက်စီး
24/05/19
မန္တလေးတိုင်းဒေသကြီးအတွင်း ယခု မေလ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် မိုးသက်လေပြင်းများ ကျရောက်ပြီး လေပြင်းတိုက်ခိုက်မှုများကြောင့် မြို့နယ်များတွင် နေအိမ်ပေါင်း ၃၅၀ ပျက်စီးခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန(မန္တလေး)မှ သိရသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ ကျင်းပ
24/05/19
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။