Latest News

နောက်ဆုံးရသတင်းများ

တစ်နှစ်တာအကောင်းဆုံး ကော်ဖီအရည်အသွေး ရွေးချယ်ပြိုင်ပွဲ ပြုလုပ်

ပြည်တွင်း

24/05/19

Green Gold ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်မှ အသင်းဝင်တောင်သူများ၏ ဇုန်အလိုက် ၂၀၁၈-၂၀၁၉ ရိတ်သိမ်းရာသီမှ တစ်နှစ်တာအကောင်းဆုံးကော်ဖီ အရည်အသွေး ရွေးချယ်ပြိုင်ပွဲကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအုပ်စု၊ စံဖူးဘုန်းတော်ကြီးကျောင်း၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

ရိရေကန်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း စုပေါင်းဆောင်ရွက်

ပြည်တွင်း

24/05/19

ချင်းပြည်နယ်၊ ငါးလုပ်ငန်းဦးစီးဌာန၏ စီစဉ်မှုဖြင့် ရိရေကန်အတွင်း ငါးမျိုးစိုက်ထည့် ခြင်းကို မေ ၂၄ ရက် နံနက် ၉ နာရီတွင် ရိရေကန် ရေချိုးဆိပ်ကမ်း၌ စုပေါင်းဆောင်ရွက်သည်။

မိတ္ထီလာ၌ မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် ရန်ကုန်-မန္တလေးကား လမ်းတစ်လျှောက်သစ်ပင်ကြီးများ ပြိုလဲကျမှုဖြစ်ပွား

ပြည်တွင်း

24/05/19

မိတ္ထီလာ ၂၄ မေ

မိတ္ထီလာ၌ ယနေ့ မွန်းလွဲ ၂ နာရီခွဲမှ ညနေ၄ နာရီခန့်ထိ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်  ပြည်သာယာရပ်ကွက်နှင့် ဇောင်ချမ်းကုန်းကျေးရွာ၊ ညောင်ကုန်းရွာ၊ ဂွေးတောက်ကုန်းကျေးရွာ တို့အနီးရှိ  ရန်ကုန်- မန္တလေး ကားလမ်းတစ်လျှောက်တွင် သက်တမ်းရင့်သစ်ပင်ကြီးများ ပြိုလဲကျမှု ဖြစ်ပွားခဲ့သည်။

နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားရုံ သုဝဏ္ဏကွင်း၌ စတင်တည်ဆောက်နေ

အားကစား

24/05/19

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဖူဆယ်အားကစားနည်း တိုးတက်လာစေရန်နှင့် ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပနိုင်ရန် နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားရုံ စတင်တည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်။

ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများ ဟားခါး၌ စည်ကားစွာကျင်းပ

ပြည်တွင်း

24/05/19

ချင်းပြည်နယ်အစိုးရအဖွဲ့၏  ကြီးကြပ်လမ်းညွှန်မှုဖြင့် ဟေသာစံမြန်မာကုမ္ပဏီမှ ဦးဆောင်ကျင်းပသော ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများကို ယနေ့ နံနက်ပိုင်းက ဟားခါးမြို့၊ ကီယိုမန်းအားကစားကွင်း၌ ကျင်းပခဲ့သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်း ဆောင်ရွက်

ပြည်တွင်း

24/05/19

မောင်တောမြို့နယ်၊ နယ်မြေ(၆)၊ အမှတ် (၄) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ ပြင်ဖြူနယ်မြေရုံးမှ ရဲမှူးမြင့်အောင် ဦးစီးတပ်ဖွဲ့ဝင်များသည် မေ ၂၃ ရက် နံနက်ပိုင်းက ရေယာဉ်တပ်ဖွဲ့စု (မောင်တော) မှ ငါးမန်းအမြန် သွားတိုက်ခိုက်ရေးရေယာဉ် အမှတ် (ဝ၀၃) ပါ (၂)စီးနှင့် .....................

မြစ်ဝကျွန်းပေါ်ဒေသများတွင် ထစ်ချုန်းမည့် အခြေအနေများ ဆက်လက်ဖြစ်ပေါ်နေ

မိုးလေဝသ

24/05/19

၂၀၁၉ ခုနှစ်၊ မေလ (၂၄)ရက်နေ့ မွန်းလွဲ (၂:ဝ၀)နာရီအချိန် မိုးဇလမှ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် -------

အနောက်တောင် မုတ်သုံလေ ဝင်ရောက်သည့် အခြေအနေ

မိုးလေဝသ

24/05/19

အနောက်တောင်မုတ်သုံလေသည် လွန်ခဲ့သော(၂၄)နာရီအတွင်းက မြန်မာနိုင်ငံ တောင်ပိုင်းဒေသများ--------

မြေနီကုန်းကျေးရွာတွင် ၁၂ ဘီးယာဉ်ကို ကြက်တင်ယာဉ်က ဝင်တိုက်ရာ ယာဉ်မောင်းသေဆုံး

မှုခင်း

24/05/19

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာ ရန်ကုန်- မော်လမြိုင် ကားလမ်းပေါ်တွင် မေလ ၂၄ ရက်နေ့ နံနက်က  ကြက်များတင်လာသောယာဉ်မှ ရှေ့မှသွားနေသည့် ၁၂ ဘီးယာဉ်အား --------

အဖတ်များဆုံး သတင်း