Latest News
နောက်ဆုံးရသတင်းများ
ဂျပန်ရိုက်ကူးရေးအဖွဲ့ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဆိုင်ရာ မှတ်တမ်းရိုက်ကူး
21/05/19
ဧရာဝတီလင်းပိုင် အကူအညီဖြင့် ရေလုပ်သားများ ငါးဖမ်းကြပုံအစဉ်အလာနှင့် ရေလုပ်သားများ၏ဘဝကို ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကွန်းဒေသရှိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှ ကျေးရွာများတွင် ဂျပန်နိုင်ငံမှ ရိုက်ကူးရေးအဖွဲ့က မှတ်တမ်းရိုက်ကူးသည်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr.FilLippo Grandi နှင့်အဖွဲ့ မောင်တော၊ ဘူးသီးတောင်ဒေသမှ ကျေးရွာများသို့ မြေပြင်ကွင်းဆင်းလေ့လာ
21/05/19
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. FilLippo Grandi နှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဘူးသီးတောင်မြို့နယ်၊ ရွာမကျေးရွာ၊ ရွာမဂုံးနားကျေးရွာသို့ သွားရောက်၍ ကျေးရွာအတွင်း လှည့်လည်ကြည့်ရှုလေ့လာသည်။
တနင်္သာရီ၊ ပုလော၊ တန့်ယန်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
21/05/19
တနင်္သာရီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၉ ရက် ညနေပိုင်းက တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာအုပ်စု၊ ဇလုံးကျေးရွာ၊ မြိတ်-တနင်္သာရီ ကားလမ်းမပေါ်၌ ရပ်တန့်ထားသည့် Vigo အမျိုးအစားမော်တော်ယာဉ်ကို
ဒီးမော့ဆိုမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၂၇ လုံးနှင့် စာသင်ကျောင်းတစ်ကျောင်း အမိုးလန်မှု ဖြစ်ပွား
21/05/19
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ယနေ့ မွန်းတည့် ၁၂ နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ဆင်တောင်ကျေးရွာအုပ်စု ဝီသဲကူး (မြောက်) ကျေးရွာတွင် နေအိမ် ၂၁ လုံး၊ အောင်သာယာကျေးရွာတွင် နေအိမ် နှစ်လုံး၊ လီဝိုးကျေးရွာတွင်
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှသောရွေးကောက်ပွဲ ဖြစ်စေရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တွေ့ဆုံမှာကြား
21/05/19
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့် အဖွဲ့ဝင်များအား
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ ကျင်းပ
21/05/19
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တိုင်းဒေသကြီးသုံးခုနှင့် ပြည်နယ်နှစ်ခုတို့အတွင်း၌ တရားမဝင်သစ်များ ဖမ်းဆီးရမိ
21/05/19
သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ဆပ်သွားအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ ပါဝင်သေ
ရန်ကုန်တက္ကသိုလ်(ပင်မ) ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
21/05/19
ရန်ကုန်တက္ကသိုလ်(ပင်မ) ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပသည်။
အလုပ်အကိုင် ဖန်တီးပေးနိုင်မှုကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ (၁/၂၀၁၉)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
21/05/19
အလုပ်အကိုင် ဖန်တီးပေးနိုင်မှုကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ယနေ့မွန်းလွဲ ၁ နာရီတွင်
အဓမ္မခိုင်းစေမှုပပျောက်ရေးနှင့်ပတ်သက်၍ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုပပျောက်ရေး တိုင်ကြားမှုယန္တရား မထူထောင်မီ တိုင်ကြားစာလက်ခံဖြေရှင်းရေး လုပ်ငန်းစဉ်များကို အတည်ပြုနိုင်ရန် အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ
21/05/19
အဓမ္မခိုင်းစေမှု ပပျောက်ရေးနှင့်ပတ်သက်၍ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုပပျောက်ရေး တိုင်ကြားမှုယန္တရား (National Complaints Mechanism) မထူထောင်မီ တိုင်ကြားစာလက်ခံ ဖြေရှင်းရေး လုပ်ငန်းစဉ်များကို အတည်ပြုနိုင်ရန်