Latest News

နောက်ဆုံးရသတင်းများ

mdn
ဘာကို ဘယ်လိုတန်ဖိုးထားကြသည်လဲ ...

အယ်ဒီတာ့ အာဘော်

19/05/19

လူတို့၏ ဘဝအခြေအနေ၊ ဖြတ်သန်းခဲ့ရသည့် ပတ်ဝန်းကျင်နှင့် အနေအထား၊ အသိဉာဏ်ပညာတို့ အပေါ်မူတည်၍ တန်ဖိုးထားမှုချင်း

တနင်္သာရီတိုင်းဒေသကြီး ကျွန်းမြို့နယ် ထိန်းချောင်းကျေးရွာ၌ ပျားရည်ဆွမ်း လောင်းလှူပွဲ စည်းကားသိုက်မြိုက်စွာကျင်းပ

ပြည်တွင်း

18/05/19

ကျွန်းစု ၁၈ မေ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကတ္တလူကျေးရွာအုပ်စု၊ ထိန်းချောင်းကျေးရွာ တစ်နေရာတည်းတွင်သာရှိသည့် ပျားရည်ဆွမ်းလောင်းလှူပွဲကို ယနေ့ နံနက် ၈ နာရီက အောင်တော်မူ သာသနာ့ရိပ်သာကျောင်းတိုက်၌ အစဉ်အလာမပျက် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ရှမ်းယူနိုက်တက်အသင်း နိုင်ငံခြားသားကစားသမားများ ခေါ်ယူအားဖြည့်

အားကစား

18/05/19

မြန်မာနေရှင်နယ်လိဂ်ကလပ် ရှမ်းယူနိုက်တက်အသင်းသည် ရာသီဝက် အပြောင်းအရွှေ့ကာလတွင် နိုင်ငံခြားသား ကစားသမားသုံးဦးအား ခေါ်ယူအားဖြည့်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ယခုရာသီတွင် အောင်မြင်မှုရရန် ပြင်ဆင်နေပြီး ပထမအကျော့အပြီးတွင် နိုင်ငံခြားသား ကစားသမားများ အပြောင်းအလဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အမျိုးသမီးလိဂ်တွင် အား/ကာသိပ္ပံ၊ မြဝတီ၊ YREO နှင့် ဂန္ဓမာအသင်း အနိုင်ရ

အားကစား

18/05/19

၂၀၁၈-၂၀၁၉ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၀) ကို မေ ၁၇၊ ၁၈ ရက်က ဆက်လက်ကျင်းပရာ အား/ကာသိပ္ပံ၊ မြဝတီ၊ YREO နှင့် ဂန္ဓမာအသင်းတို့ နိုင်ပွဲကိုယ်စီရရှိခဲ့ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မိသားစုများ ကဆုန်ညောင်ရေသွန်း လောင်းပူဇော်

ပြည်တွင်း

18/05/19

မြန်မာတို့၏ ၁၂ လရာသီပွဲတော်တွင် တစ်ခုအပါအဝင်ဖြစ်သည့် မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ ကဆုန်လပြည့်နေ့ ယနေ့တွင်ကျရောက်သော ညောင်ရေသွန်းပွဲတော်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများသည် ယနေ့ညနေပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ဇေယျာသီရိကုန်တိုက်ရှေ့ လောကချမ်းသာဆုတောင်းပြည့် အသင်းဘုရားကြီးရှိ မဟာဗောဓိညောင်ပင်များကို ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။ 

ဘီးလင်းမြို့နယ်ရှိ သက္ကထူပ(ခ)သိကြားဘုရား စေတီတော်နှင့် ဆံတော်ကြို တပ်တော်ဦး အောင်စေတီတော်တို့အား ရတနာစိန်ဖူးတော်၊ ရတနာငှက်မြတ်နားတော်၊ မကိုဋ့်ရွှေထီးတော်ဆက်ကပ်ခြင်း မင်္ဂလာအခမ်းအနားကျင်းပ

ပြည်တွင်း

18/05/19

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မုသင်ကျေးရွာအုပ်စု၊ ဝိုင်းပတ်ကျေးရွာရှိ သက္ကထူပ(ခ)သိကြားဘုရား စေတီတော်မြတ်ကြီးအား ရတနာစိန်ဖူးတော်၊ ရတနာ ငှက်မြတ်နားတော်၊ မကိုဋ့်ရွှေထီးတော် ဆက်ကပ်ခြင်းမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ စေတီတော်ဝန်းအတွင်း ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် မိုးဆက်လက်ထစ်ချုန်း ရွာမည်

မိုးလေဝသ

18/05/19

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ည ၇ နာရီတွင် နေ့စဉ်မိုးလေဝသသတင်း ထုတ်ပြန်ရာ ဘင်္ဂလားပင်လယ်အော် အ‌ခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလား ပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေသည်။

အဖတ်များဆုံး သတင်း