Latest News
နောက်ဆုံးရသတင်းများ
ကဆုန်လပြည့်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ကုသိုလ်ပြုသူများဖြင့်စည်ကား၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပ
18/05/19
ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)သည် ဂေါတမဘုရားအလောင်းတော် သုမေဓာ ရှင်ရသေ့ဘဝတွင် နိယတဗျာဒိတ်ခံယူသည့်နေ့၊ ဂေါတမဘုရားအလောင်းတော် ဖွားမြင်သည့်နေ့၊ ဂေါတမဘုရားအလောင်းတော် ဘုရားဖြစ်သည့်နေ့၊ ဂေါတမဘုရားရှင် ပရိနိဗ္ဗာန် စံဝင်သည့်နေ့ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များက နေ့ထူးနေ့မြတ်အဖြစ်သတ်မှတ်၍ နှစ်စဉ် ကဆုန်လပြည့်နေ့တွင် ဗောဓိညောင်ရေသွန်းလောင်းပူဇော်ခြင်း၊ ဥပုဒ်သီလ ဆောက်တည်ခြင်း၊ တရားဘာဝနာပွားများခြင်း၊ စတုဒီသာကျွေးမွေးခြင်း စသည့် ကုသိုလ်ကောင်းမှုများကို ပြုကြသည်။
ကဆုန်လပြည့်နေ့ ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများ၌ ညောင်ရေသွန်းလောင်းသူများဖြင့် စည်ကား
18/05/19
ရန်ကုန် ၁၈ မေ
ဖွား၊ ပွင့်၊ ဟော၊ စံ ဗျာဒိတ်ခံ ကဆုန်လပြည့်(ဗုဒ္ဓနေ့)သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် အားလျော်စွာ ရန်ကုန်မြို့ရှိ တန်ခိုးကြီး ဘုရားစေတီများ၌ ဥပုသ်သီတင်း ဆောက်တည်ကြသူများ၊ ကုသိုလ်ကောင်းမှု ပြုကြသူများ၊ ညောင်ရေသွန်းလောင်းကြသူများဖြင့် စည်ကားများပြားလျက်ရှိသည်ကို တွေ့ရသည်။
ရိုးရာလက်ဝှေ့ ဂျပန်ပွဲစဉ် (၁၂) တွင် ရဲသွေးနီနှင့် မင်းမောင်မောင်တို့ အရှုံးရင်ဆိုင်ခဲ့ရသော်လည်း ဗျဂ္လ က ဂျပန်နိုင်ငံသား ပြိုင်ဘက်အား ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိခဲ့
18/05/19
မြန်မာ့ရိုးရာလက်ဝှေ့၏ ဂျပန်ပွဲစဉ် (၁၂) ကို ယမန်နေ့က တိုကျိုမြို့ ခိုလကုအန်ခန်းမ၌ ဂျပန်စံတော်ချိန် ညနေ ၆ နာရီခွဲတွင် ကျင်းပခဲ့ရာ မြန်မာ့လက်ဝှေ့ကျော် ရဲသွေးနီနှင့် မင်းမောင်မောင်တို့ အလဲထိုးခံရပြီး ရှုံးနိမ့်ခဲ့သော်လည်း ခေါင်ပွဲထိုးသတ်သည့် ဗျဂ္ဃ က ပြိုင်ဘက်လက်ဝှေ့သမားကို ဒိုင်ပွဲရပ်ဖြင့်နိုင်ပြီး အပြည်ပြည်ဆိုင်ရာ လက်ဝှေ့အဖွဲ့ချုပ် (ဂျပန်) ၏ ဆုဖလားကိုရရှိခဲ့ကြောင်း သိရသည်။
ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့တွင် တောင်ကြီးမြို့၌ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်
18/05/19
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော တောင်ကြီးမြို့ စူဠာမုနိလောကချမ်းသာ စေတီတော်မြတ်ကြီး၌ မေ ၁၈ ရက် ညနေ ၄ နာရီက ပရိဘောဂစေတီခေါ် မဟာဗောဓိညောင်ပင်အား ကဆုန်လပြည့်ဗုဒ္ဓအခါတော်နေ့တွင် ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ကြကြောင်း သိရသည်။
တောင်ကြီးမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်ယိုယွင်းသော နေရာများကို ဦးစားပေးကာ သစ်ပင်များ စိုက်ပျိုးသွားမည်
18/05/19
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် တောင်ကြီးမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်ယိုယွင်းသော နေရာများကို ဦးစားပေးကာ ပြည်သူလူထုပူးပေါင်းပါဝင်ပြီး သစ်ပင်များ စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
B2B Magazine က ကြီးမှူးကျင်းပသည့် “မြန်မာ့စီးပွားထူးချွန်သူများနှင့် တွေ့ဆုံခြင်း” အခမ်းအနားကျင်းပ၊ စီးပွားရေးပညာရှင် ပါမောက္ခဒေါက်တာအောင်ထွန်းသက်က “Self Management” ခေါင်းစဉ်ဖြင့် ဟောပြော
18/05/19
ရန်ကုန် ၁၈ မေ
Myanmar B2B Management Magazine က ကြီးမှူးကျင်းပသည့် “မြန်မာ့စီးပွားထူးချွန်သူများနှင့် တွေ့ဆုံခြင်း” အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံး မင်္ဂလာခန်းမ၌ ပြုလုပ်သည်။
ခရီးသည်တင်ယာဉ် နောက်တာယာ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား
18/05/19
မေ ၁၇ ရက် ည ၁၁ နာရီခွဲခန့်က ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၉/ဝ)ကြားတွင် ခရီးသည်ယာဉ်တစ်စီး နောက်တာယာ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
လေးကျွန်းသူအဖွဲ့ အသင်းသူများ၏ ကဆုန်လပြည့် ဗုဒ္ဓအဘိသေက အနေကဇာတင် မင်္ဂလာပွဲနှင့် ဆွမ်းဆက်ကပ်လှူဒါန်းပွဲအတွက် ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ
18/05/19
လေးကျွန်းသူအဖွဲ့ အသင်းသူများ၏ ကဆုန်လပြည့် ဗုဒ္ဓအဘိသေက အနေကဇာတင်မင်္ဂလာပွဲနှင့် ဆွမ်းဆက်ကပ်လှူဒါန်းပွဲအတွက် ရေစက်ချ အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၌ ကျင်းပသည်။
ယာဉ်စည်ကမ်း လမ်းစည်းကမ်းများကို ဒေသခံများ နားလည်သဘောပေါက်စေရန် အာခါစကားဖြင့် ဘာသာပြန်ရှင်းလင်းပြသ
18/05/19
မြို့ပြနှင့် ဝေးလန်ခေါင်းပါးသည့် ကျိုင်းတုံမြို့ ပင်းတောက်အုပ်စု ဝမ်ကုသစ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးလက်နေပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း နားလည်သဘောပေါက်စေရန် အသိပညာပေးခြင်းကို ယနေ့ နံနက်က အဆိုပါကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။