Latest News

နောက်ဆုံးရသတင်းများ

ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ ကဆုန်ညောင်ရေသွန်းလောင်းပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပ

ပြည်တွင်း

18/05/19

နေပြည်တော်  ၁၈  မေ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်တွင် (၄၁)နှစ်မြောက် မြို့နယ်လုံးဆိုင်ရာ ကဆုန်ညောင်ရေသွန်းပွဲတော်ကို မေ ၁၈ ရက် ကဆုန်လပြည့်နေ့ ယနေ့ညနေပိုင်းတွင် ပျဉ်းမနားမြို့၊ ဆုတောင်းပြည့် လောကမာရဇိန် စေတီတော်ဓမ္မာရုံ၌ စည်းကားသိုက်မြိုက်စွာ ကျင်းပသည်။

ကဆုန်လပြည့်နေ့တွင် မန္တလေးမြို့ရှိ ကုသိုလ်တော်ဘုရား၌ သရက်သီးစတုဒိသာ ကျွေးမွေးလှူဒါန်း

ပြည်တွင်း

18/05/19

မန္တလေး ၁၈  မေ 

မြန်မာတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ယနေ့ ကဆုန်လပြည့် (ဗုဒ္ဓ) နေ့တွင် မန္တလေးတောင်ခြေရှိ ကုသိုလ်တော်ဘုရား၌ မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဦးဆောင်၍ ဘုရားဖူးလာပြည်သူများအား သရက်သီးစတုဒိသာ ကျွေမွေး၍ ကုသိုလ်ပြု လှူဒါန်းခဲ့ကြောင်း သိရသည်။

အာဆီယံပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၈ အသင်းကို ကစားသမား ၂၆ ဦးဖြင့် ပြန်လည်ဖွဲ့စည်း

အားကစား

18/05/19

၂၀၁၉ အာဆီယံ ယူ-၁၈ ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာယူ-၁၈ အသင်းကို ကစားသမား ၂၆ ဦးဖြင့် ပြန်လည်ဖွဲ့စည်းလိုက်ပြီဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်းသည် ယခင်ဖွဲ့စည်းထားသည့် ကစားသမားများကို အခြေခံကာ ကစားသမားသစ်အချို့ အားဖြည့်ရွေးချယ်ထားခြင်း ဖြစ်သည်။

အပူဒဏ်နှင့် သောက်သုံးရေ ရှားပါးလာသောကြောင့် ရွှေသမင်များ နေထိုင်မှုပုံစံပြောင်းလဲလာသဖြင့် ယခုနှစ် ရွှေသမင်ကောင်ရေ စာရင်းကောက်ယူမှုတွင် လျော့နည်းမှုဖြစ်ပေါ်

ပြည်တွင်း

18/05/19

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ရွှေစက်တော် ဘေးမဲ့တောထဲတွင် သဘာဝအတိုင်း ပေါက်ဖွားရှင်သန်နေသော ဒေသမျိုးစိတ် ရှားပါးရွှေသမင် အကောင်ရေစာရင်းများကို နှစ်စဉ်ဧပြီလရောက်တိုင်း စာရင်းကောက်ယူခဲ့ရာ ယခုနှစ်တွင် သမင်ကောင်ရေ (၉၅၂) ကောင်သာ ရှိသည်ဟု တွက်ချက်နိုင်ခဲ့ပြီး မျှော်မှန်းအကောင်ရေထက် ကောင်ရေ (၆၀ဝ)ခန့် လျော့နည်းသွားကြောင်း ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောရုံးမှ သိရသည်။ 

မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးသင်တန်း မန္တလေးမြို့၌ဖွင့်လှစ်

ပြည်တွင်း

18/05/19

မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ် (၂/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် မန္တလေးမြို့၊ ပြန်လည်ထူထောင်ရေးစခန်း၌ ကျင်းပသည်။

ကဆုန်လပြည့်နေ့ ပရိဘောဂစေတီထိုက်သော ဗောဓိညောင်ပင်တို့အား ညောင်ရေသွန်းလောင်းသူများဖြင့် မန္တလေးမြို့တွင် အထူးစည်ကား

ပြည်တွင်း

18/05/19

ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့သည် ထေရဝါဒဗုဒ္ဓဘာသာဝင်များအတွက် မင်္ဂလာရှိသော ဘာသာရေးနေ့ထူးနေ့မြတ်နေ့ဖြစ်သဖြင့် မန္တလေးမြို့ပေါ်ရှိ တန်ခိုးကြီးဘုရား ပုထိုးစေတီတော်များ၌ ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ပွဲများနှင့် ပရိဘောဂစေတီထိုက်သော ဗောဓိညောင်ပင်တို့အား ညောင်ရေသွန်းလောင်း ပူဇော်ပွဲများ ကျင်းပ၍ မန္တလေးမြို့မှ ဆွမ်းလောင်းအသင်းများနှင့် ကုသိုလ်ရှင်များက ဆရာတော် သံဃာတော်များကို ဆွမ်း၊ ဆွမ်းဟင်းများ၊ ချိုချဉ်ခဲဖွယ်ဘောဇင်များ လောင်းလှူကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိသည်။

လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေး

ပြည်တွင်း

18/05/19

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မေ ၁၇ ရက် ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တွေ့ဆုံ၍ မကွေးတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ 

ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် ဗုဒ္ဓရုပ်ပွားတော်များအား ဗုဒ္ဓါဘိသေကအနေကဇာတင် 

ပြည်တွင်း

18/05/19

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ကံ့ကော်ပန်းအဝိုင်းအနီးရှိ ရန်အောင်မြင်ကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်လျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် .............

မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၏ စုပေါင်းရှင်ပြု၊ သီလရှင်ဝတ်အလှူတော် မင်္ဂလာအခမ်းအနားကျင်းပ

ပြည်တွင်း

18/05/19

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပြုစုစောင့်ရှောက်ထားသော မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လူငယ်သင်တန်းကျောင်းများ၊ အမျိုးသမီးဂေဟာများရှိ လူငယ်များနှင့် အမျိုးသမီးငယ်များအား မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီများနှင့် အလှူရှင်များ စုပေါင်းလှူဒါန်းသော လူမှုဝန်ထမ်းဦးစီးဌာန၏ စုပေါင်းရှင်ပြု၊ သီလရှင်ဝတ်အလှူတော် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မှန်ကင်းပဇ္ဇောတာရုံကျောင်းတိုက်၊ နှစ်(၁၅၀)ကျောင်း၌ ကျင်းပသည်။

အဖတ်များဆုံး သတင်း