Latest News
နောက်ဆုံးရသတင်းများ
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ အစည်းအဝေး(၁/၂၀၁၉)ကျင်းပ
14/05/19
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့အစည်းအဝေး(၁/၂၀၁၉)ကို ယနေ့မွန်းလွဲ ၁ နာရီခွဲက နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုစည်းခန်းမ၌ ကျင်းပသည်။
NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ စတုတ္ထအကြိမ် အစည်းအဝေး ငါးရက်ကြာကျင်းပမည်
14/05/19
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ စတုတ္ထအကြိမ် အစည်းအဝေး (4Th NCA-S EAO Summit) ကို ယနေ့နံနက်ပိုင်းမှစတင်၍ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ ကျင်းပ
14/05/19
ဒုတိယအကြိမ် ပြည်ထောင်စုလွွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် စင်ကာပူနိုင်ငံအခြေစိုက် ပြင်သစ်သံရုံးမှ Economic Departments for ASEAN countries ၏ အကြီးအကဲနှင့် သံမှူးကြီးအား လက်ခံတွေ့ဆုံ
14/05/19
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်သည် စင်ကာပူနိုင်ငံအခြေစိုက် ပြင်သစ်သံရုံးမှ အာဆီယံနိုင်ငံများဆိုင်ရာ စီးပွားရေးရာဌာနကြီး၏ အကြီးအကဲနှင့်သံမှူးကြီး Mr. Frederic KAPLAN နှင့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ကံ့ကော်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တင်ဒါလုပ်ထုံးလုပ်နည်း ညွှန်ကြားချက်(၁/၂၀၁၇) ပြင်ဆင်ထုတ်ပြန်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနက ရေးဆွဲထားသော SOP(မူကြမ်း) နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
14/05/19
အစိုးရဌာန/အဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့်ရောင်းချမှုများ ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် တင်ဒါလုပ်ထုံးလုပ်နည်းညွှန်ကြားချက် (၁/၂၀၁၇) ပြင်ဆင်ထုတ်ပြန်ရေးအတွက် တင်ဒါလုပ်ထုံးလုပ်နည်းဆိုင်ရာ ညွှန်ကြားချက်(မူကြမ်း)နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်း မြင့်မားရေးတွင် အမျိုးသမီးခေါင်းဆောင်များ၏ အခန်းကဏ္ဍဆွေးနွေးပွဲ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး တက်ရောက်အမှာစကားပြောကြား
14/05/19
“ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်း မြင့်မားရေးတွင် အမျိုးသမီးခေါင်းဆောင်များ၏ အခန်းကဏ္ဍ” ဆွေးနွေးပွဲကို ယနေ့တွင် နေပြည်တော် သင်္ဂဟဟိုတယ်၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး UNOCHA မှ လက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ
14/05/19
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် UNOCHA မှ လက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး Ms. Ursula Mueller နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လက်ခံတွေ့ဆုံသည်။
နှုတ်ခမ်းကွဲအာခေါင်ကွဲ ဝေဒနာရှင်မြန်မာကလေးငယ်များခွဲစိတ်ကုသရန် ပီတီတီအီးပီ က အမေရိကန်ဒေါ်လာတစ်သိန်းလှူဒါန်း
14/05/19
ထိုင်းနိုင်ငံအခြေစိုက် ရေနံရှာဖွေရေးနှင့် တူးဖော်ထုတ်လုပ်ရေးကုမ္ပဏီလီမိတက် ပီတီတီအီးပီက မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်ခဲ့သည့်် နှစ် ၃၀ ပြည့်အထိမ်းအမှတ်အနေဖြင့် နှုတ်ခမ်းကွဲအာခေါင်ကွဲ ဝေဒနာရှင် မြန်မာကလေးငယ် ၁၀ဝ အား ခွဲစိတ်ကုသရန်အတွက် ကမ္ဘာတစ်ဝန်းရှိ ဆင်းရဲနွမ်းပါးသော နှုတ်ခမ်းကွဲအာခေါင်ကွဲဝေဒနာရှင် ကလေးငယ်များနှင့် အရွယ်ရောက်ပြီးသူများအား အခမဲ့ ခွဲစိတ်မှုများ ဆောင်ရွက်နေသည့် Alliance for Smiles အဖွဲ့အစည်းကို အမေရိကန်ဒေါ်လာ တစ်သိန်းထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ ကျင်းပသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြည်သူ့အတွက်တတိယ(၁)နှစ်တာ ဆောင်ရွက်နိုင်မှု သတင်းစာရှင်းလင်းပွဲပြုလုပ်
14/05/19
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြည်သူ့အတွက် တတိယ(၁)နှစ်တာ လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲကို ယနေ့ နံနက် ၉ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
လယ်ယာဧက (၅၀ဝ၀)ကျော် အကျိုးပြုမည့် ငတရော်-ကိုင်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်သွားမည်
14/05/19
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်အကြားရှိ ငတရော်-ကိုင်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းကို-----------
အဖတ်များဆုံး သတင်း
- 9/Jul/2026