Latest News
နောက်ဆုံးရသတင်းများ
မြန်မာ-သြစတြေးလျ နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေး၊ နယ်စပ်ဒေသကာကွယ် စောင့်ရှောက်ရေးနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး
14/05/19
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီး Ms. Andrea Faulkner နှင့်အဖွဲ့အား
အာရှမြို့ပြယဉ်ကျေးမှုများ ကွန်ဖရင့်သို့ တက်ရောက်ရန် မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်ဝင်း(မနုဿကျော်ဝင်း) တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ
14/05/19
နေပြည်တော် ၁၄ မေ
မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်ဝင်း(မနုဿကျော်ဝင်း)သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ Mr. Tie Ning ၏ ဖိတ်ကြားချက် အရ မေ ၁၄ ရက်မှ ၁၈ ရက်အထိ ပေးကျင်းမြို့၌ ကျင်းပမည့် Asian Civilization ကွန်ဖရင့်သို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းက လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
ဘားအံမြို့တွင် အတက်ရောဂါ လုပ်ငန်းစီမံချက်အကြောင်း အသိပညာပေး
14/05/19
ကရင်ပြည်နယ်အတွင်း အတက်ရောဂါအကြောင်း သိရှိနားလည်ပြီး အတက်ရောဂါရှိသူများအား ရှေးဦးသူနာ ပြုစုတတ်စေရန်နှင့် အတက်ရောဂါအကြောင်း ပြည်သူလူထုအား ကျန်းမာရေးပညာပေးတတ်စေရန်အတွက် -----------
တနင်္သာရီတိုင်းဒေသကြီး MSME Action Plan ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲ ထားဝယ်မြို့၌ကျင်းပ
14/05/19
တနင်္သာရီတိုင်းဒေသကြီး MSME Action Plan ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကိုယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ ဆန်းချီတိုးချဲ့ရပ်၊ ကမ်းနားလမ်ရှိ DDPC Shopping Centre Royal Palace ခန်းမ၌ကျင်းပသည်။
ကယားပြည်နယ် ကျန်းမာရေးစီမံကိန်း (၂၀၁၉-၂၀၂၀)စာအုပ် အသိပေးမိတ်ဆက်ခြင်း အခမ်းအနားကျင်းပ
14/05/19
ကယားပြည်နယ် လွိုင်ကော်မြို့တွင် ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ ကယားပြည်နယ်ကျန်းမာရေး စီမံကိန်း(၂၀၁၉-၂၀၂၀) စာအုပ် အသိပေးမိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက လွိုင်ကော်မြို့ မြို့နယ်ခန်းမ၌ ကျင်းပသည်။
မြစ်ကြီးနားမြို့၌ ဒုတိယအကြိမ် မြန်မာကျပ်ငွေဖြင့် ကျောက်စိမ်းအရောင်းပြပွဲကို ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်
14/05/19
မြစ်ကြီးနား ၁၄ မေ
မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မြစ်ကြီးနား)မှ ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ် မြန်မာကျပ်ငွေဖြင့် ကျောက်စိမ်းအရောင်းပြပွဲကို ယနေ့ နံနက် ၈ နာရီတွင် မြစ်ကြီးနားမြို့ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းရုံးဝင်း အတွင်း၌ ကျင်းပပြုလုပ်သည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ပြန်လည်ရောက်ရှိ
14/05/19
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့်ဇနီး ဒေါ်ချိုချို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဟာဒုန်းပိုးရွာ(Ha Dong Silk Village)သို့ သွားရောက်၍ ပိုးရွာအတွင်း ပိုးထည်ယက်လုပ်နေမှုနှင့် အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချနေမှုတို့ကို လှည့်လည် ကြည့်ရှုလေ့လာကြသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိမြို့ကြီးများ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက်
14/05/19
မနက်ဖြန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိမြို့ကြီးများ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက်တို့ကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အောက်ပါအတိုင်း ထုတ်ပြန်ထားသည်။
တကောင်းမြို့အနီး အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ရှား
14/05/19
ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီ (၄၈)မိနစ် (၂၃) စက္ကန့်အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အရှေ့ဘက် (၃၃)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တကောင်းမြို့၏ တောင်ဘက် (၁၈) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃.၂၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.ဝ၂)ဒီဂရီ၊ အနက် (၅) ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးဆက်လက် ထစ်ချုန်းရွာနိုင်
14/05/19
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်အရ လွန်ခဲ့သော(၂၄)နာရီ အတွင်းက တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည် နယ်(တောင်ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင်-------------
အဖတ်များဆုံး သတင်း
- 9/Jul/2026