Latest News
နောက်ဆုံးရသတင်းများ
ပခုက္ကူမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၁၀၃)လုံးနှင့် စာသင်ကျောင်းတစ်ကျောင်းအမိုးလန်ပျက်စီး
14/05/19
ပခုက္ကူမြို့နယ် ကွန်းရွာအုပ်စု ကျေးရွာ ၇ ရွာတွင် မေလ ၁၃ ရက် ညနေ ၅ နာရီခွဲခန့်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၁၀၃)လုံးနှင့် စာသင်ကျောင်း(၁)ကျောင်းအမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာလျော့ပါးရေးနှင့် လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးသင်တန်းဖွင့်ပွဲ ကျင်းပ
14/05/19
ဖျာပုံခရိုင်၊ဘိုကလေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ကြီးမှူးကျင်းပပြုလုပ်သော ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန်နည်းလမ်းများ၊ ဘေးအန္တရာယ် ကျရောက်လာပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ပတ်သက်သော ကိစ္စရပ်များကို ပြည်သူများ သိရှိနားလည်နိုင်ကြစေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာလျော့ပါးရေးနှင့် လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ရေးအသိပညာ ပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီက ဘိုကလေးမြို့နယ် ကျက်သရေဆောင် ချိုကြည်သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လှူဒါန်းသော ထောက်ပံ့ပစ္စည်းများအား မြို့နယ်ကြက်ခြေနီအသင်းခွဲမှ လေဘေးသင့်ပြည်သူများထံပေးအပ်
14/05/19
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြို့နယ်ကြက်ခြေနီ အသင်းခွဲရုံးတွင် ယနေ့နံနက် ၁၀:ဝ၀ နာရီအချိန်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ လှူဒါန်းသော ထောက်ပံ့ပစ္စည်းများအား မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ လေဘေးသင့်ပြည်သူများထံ ပေးအပ်ပွဲ ပြုလုပ်ခဲ့သည်။
၂၀၁၈ ခုနှစ် ထူးချွန်ဆုရ မြို့နယ်ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများအား ဆုချီးမြှင့်
14/05/19
ရန်ကုန်အနောက်ပိုင်းခရိုင် ဗဟန်းမြို့နယ်ရှိ တိုင်းကျန်းမာရေးဦးစီးဌာနတွင် ၂၀၁၈ ခုနှစ် ထူးချွန်ဆုရ မြို့နယ်ကျန်းမာရေးဦးစီးဌာန မြို့နယ်ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို-------------
ပဲခူးမြို့ ၂၀၁၉ ခုနှစ် သုတစုံလင်ဉာဏ်ကြီးရှင် ပြိုင်ပွဲကြီး နောက်ဆုံးအဆင့်ပြိုင်ပွဲ ကျင်းပ
14/05/19
ပဲခူးမြို့ သန္တိသုခဗုဒ္ဓဝေယျာဝစ္စနှင့် သာသနာပြု အသင်းကြီးမှ ဦးစီးကျင်းပသော ၂၀၁၉ ခုနှစ် သုတစုံလင် ဉာဏ်ကြီးရှင် ပြိုင်ပွဲကြီးကို ပဲခူးမြို့မြို့တော်ခန်းမ၌ ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင့်ဆုံးအပူချိန်၊ ယနေ့တိုင်းထွာရရှိခဲ့သော အနိမ့်ဆုံးအပူချိန်နှင့် မိုးရေချိန်များ
14/05/19
ယမန်နေ့ညနေက တိုင်းထွာရရှိခဲ့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင့်ဆုံးအပူချိန်၊ ယနေ့တိုင်းထွာရရှိခဲ့သော အနိမ့်ဆုံးအပူချိန်နှင့် မိုးရေချိန်တို့ကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အောက်ပါအတိုင်း ထုတ်ပြန်ထားသည်။
ကွမ်းယာတွင်ထည့်စားသည့် ဆေးမွှေးများ တင်ဆောင်ထားသော မော်တော်ယာဉ် ၂ စီး သထုံတွင် ဖမ်းမိ
14/05/19
မွန်ပြည်နယ် သထုံမြို့ သိမ်ကုန်းရပ်ကွက် အောင်ဇေယျလမ်းတွင် မေလ ၁၃ ရက်၊ ည ၁၁ နာရီအချိန်ခန့်က ကွမ်းယာတွင် ထည့်စားသည့် ဆေးမွှေးများ တင်ဆောင်ထားသော မော်တော်ယာဉ် ၂ စီးအား သထုံမြို့မရဲစခန်းမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဖတ်များဆုံး သတင်း
- 9/Jul/2026