Latest News
နောက်ဆုံးရသတင်းများ
နတ်တလင်းမြို့နယ်တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် ကြက်ခြံမီးလောင်မှုဖြစ်ပွား
14/05/19
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် ရွှေကြာပင်ရွာ တောင်ပိုင်း လယ်ကွင်းထဲတွင် ဆောက်လုပ်ထားသော အသားတိုးမွေးမြူရေးကြက်ခြံတွင် ယနေ့ နံနက် ၂ နာရီခွဲခန့်က မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြစ်ရေအခြေအနေများ
14/05/19
နေပြည်တော် ၁၄ မေ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ နံနက် ၆နာရီခွဲ တိုင်းတာရရှိခဲ့သော မြစ်ရေအခြေအနေများကို အောက်ပါအတိုင်း ထုတ်ပြန်ထားသည်။
MDN
နမ့်စန်တွင် ရှမ်းစာပေနှင့်ယဉ်ကျေးမှု သင်တန်းဆင်းပွဲနှင့်ဆုပေးပွဲကျင်းပ
14/05/19
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ရှမ်းစာပေနှင့်ယာဉ်ကျေးမှု သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်ခန်းမတွင် ကျင်းပခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲဆိုင်ရာ နည်းပြသင်တန်းဖွင့်လှစ်
14/05/19
ပဲခူး ၁၄ မေ
ပဲခူးမြို့ ဥဿာမြို့သစ်(ယာဉ်ဝင်းဟောင်း)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြန်မာမင်္ဂလာဟိုတယ်ခန်းမ၌ ယနေ့ နံနက်ပိုင်းက မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲဆိုင်ရာ နည်းပြသင်တန်းများ ဖွင့်လှစ်သင်ကြားရေး (Training for Trainers)သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။
ညောင်ဦးမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ တောင်သူများထံ ထုတ်ချေးဆောင်ရွက်ပေးနေ
14/05/19
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၁၉ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို မြို့နယ်အတွင်းရှိ တောင်သူများ မိုးဦးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မေ ၆ ရက်မှ စတင်၍ တောင်သူများ လက်ဝယ်အရောက် ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိရာ ယခုလတ်တလောတွင် ကျေးရွာအုပ်စု ၈ အုပ်စုမှ တောင်သူဦးရေပေါင်း ၅၁၀ အား မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာ ဒေါ်ရွှေဇင်ဌေး ထံမှ သိရသည်။
နမ့်စန်တွင် တောင်သူများကို မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများ စတင်ထုတ်ချေး
14/05/19
ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်တွင် တောင်သူများအတွက် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲ (လွိုင်လင်) မှ -------------
ကလောမြို့နယ်၊ အောက်ပန်းမြို့တွင် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် စေတီတော်နှင့်လူနေအိမ် အချို့ပျက်စီး
14/05/19
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ကလောမြို့နယ် အောင်ပန်းမြို့တွင် မေလ ၁၃ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က အောင်ပန်းမြို့၊ ရေချိုကျေးရွာကျေးရွာအုပ်စု မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် စေတီတော်နှင့် လူနေအိမ်များပျက်စီးခဲ့ကြောင်း သိရသည်။
သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း ဆောင်ရွက်
14/05/19
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများ အနေဖြင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု လျော့နည်းကျဆင်းစေရန် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းအား ယနေ့ နံနက် ၇ နာရီက ဆေးရုံရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ သောက်သုံးရေပြတ်လပ်လျက်ရှိသော ကျေးရွာများသို့ ရေဂါလန် ၆၀ဝ၀ ဖြန့်ဝေလှူဒါန်း
14/05/19
ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် လှိုင်းဘုန်းကျေးရွာအုပ်စုရှိ ကျေးရွာ လေးရွာ၌ သောက်သုံးရေ ပြတ်လပ်မှုကြောင့် မေ ၁၂ ရက်က သောက်သုံးရေ ဂါလန် ၆၀ဝ၀ဖြန့်ဝေ လှူဒါန်းပေးခဲ့ကြောင်း မော်လမြိုင်ကျွန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဖတ်များဆုံး သတင်း
- 9/Jul/2026