Latest News
နောက်ဆုံးရသတင်းများ
မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ နှစ်သစ်ကူးအခါသမယတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ပြောကြားသည့် မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်မင်္ဂလာစကား
17/04/24
ယနေ့ကျရောက်တဲ့ မြန်မာနှစ်သစ်ကူးအခါသမယမှာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသား ပြည်သူအားလုံးအပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာရှိကြတဲ့ ကမ္ဘာသူကမ္ဘာသားများ အားလုံး ဘေးဘယာများ ကင်းဝေးပြီး စိတ္တသုခ၊ ကာယသုခတို့ ဖြင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ယခုကာလဟာ ကျွန်တော်တို့မြန်မာတွေရဲ့ အယူအဆအရ နှစ်ဟောင်းမှာ ပြုလုပ်မိတဲ့ မကောင်းတဲ့အတွေး၊ အပြုအမူနဲ့ လုပ်ရပ်များ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးဝဏ္ဏမောင်လွင်၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား
17/04/24
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်ကနေ ၁၃၈၆ ခုနှစ် နှစ်သစ်ကိုကူးပြောင်းတဲ့ နေ့ရက်အခါသမယမှာ တိုင်းရင်းသား၊ မိဘပြည်သူလူထု၊ ရဟန်းရှင်လူအားလုံးတို့ကို နှုတ်ခွန်းဆက်သခွင့်ရတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါ်ဒွဲဘူ၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား
17/04/24
မြန်မာနိုင်ငံသူ နိုင်ငံသားများ၊ ကမ္ဘာသူ ကမ္ဘာသားများအားလုံး မင်္ဂလာနှစ်သစ်ပါလို့ ကြိုဆို နှုတ်ခွန်းဆက်အပ်ပါတယ်။ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်ကို ကူးပြောင်းတဲ့ မင်္ဂလာနှစ်သစ်ကို ဝမ်းမြောက်ဝမ်းသာဖြင့် ကြိုဆိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့မင်းကျောင်း ပထမပြန်စာသင်တိုက် ပဓာနနာယကဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ၏ မြန်မာနှစ်သစ်ကူး သာရဏီယဩဝါဒကထာ
17/04/24
ကုသိုလ်ကောင်းမှုနေ့စဉ်ပြု
ယနေ့သည် ၁၃၈၅ ခုနှစ်ဟုဆိုအပ်သော နှစ်ဟောင်းကုန်ပျောက်၍ ၁၃၈၆ ခုနှစ်ဟု ဆိုအပ်သော မြန်မာတို့၏နှစ်သစ်ချိန်ခါသို့ ရောက်ရှိသည့် မင်္ဂလာအပေါင်းနှင့် ခညောင်းပြည့်စုံသော နေ့ထူးနေ့မြတ်ဖြစ်ပါသည်။
သီတဂူဆရာတော် အရှင်ဉာဏိဿရ၏ ၁၃၈၆ ခုနှစ် နှစ်သစ်ကူး ဩဝါဒကထာ
17/04/24
နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးအထူးပင် ဓမ္မကထာဖြင့် နှုတ်ခွန်းဆက်ပါသည်။
တရားချစ်ခင်သူတော်စင်အပေါင်းတို့-
အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြုတက္ကသိုလ်ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ၏ နှစ်သစ်ကူးမင်္ဂလာစကား
17/04/24
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် လွန်မြောက်လို့ ၁၃၈၆ ခုနှစ် မြန်မာ့နှစ်သစ်ကူးနေ့အခါသမယ။
ကုသလံ အနဝဇ္ဇသုခဝိပါကလက္ခဏံ။
ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ (အောင်ဆန်းဆရာတော်) ၏ နှစ်သစ်မင်္ဂလာဆုတောင်းလွှာ
17/04/24
မြန်မာနိုင်ငံသူ နိုင်ငံသားတွေ၊ ကမ္ဘာသူ ကမ္ဘာသားတွေ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းမေတ္တာပို့ပါတယ်။
ကိုယ်စီကိုယ်င ကိုယ့်ဒေသ ပျော်ကြ၊ စံကြ၊ သတ္တဝါဟူသမျှတို့သည် အိပ်မက်၊ ရာမက်ကောင်းစွာမက်၍ နှစ်သက်ကြည်သာ အိပ်စက်နိုင်ကြပါစေကုန်သတည်း။