Latest News
နောက်ဆုံးရသတင်းများ
တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်
28/02/24
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။
နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ
28/02/24
နေပြည်တော် ဖေဖော်ဝါရီ ၂၈
သရက်ချောင်းမြို့နယ်တွင် မှုခင်းကျဆင်းရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ
28/02/24
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် မှုခင်းကျဆင်းရေး အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက သရက်ချောင်းမြို့၊ ဆင်ဖြူပြင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။
ညောင်လေးပင်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာသတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေ
28/02/24
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးချုပ်မှ ထုတ်ဝေသည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၉ နာရီက လူစည်ကားရာ မြို့မစျေးကြီးရှေ့နှင့် မီးပွိုင့်လမ်းဆုံတို့တွင် ဒေသခံခရီးသွားပြည်သူများ လက်ဝယ်အရောက် အသိပညာပေး ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
တံတားဦးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုး၊ အဘွား (၈၉၂)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
28/02/24
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုး၊ အဘွား (၈၉၂)ဦး အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်းက တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် ငလျင်သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကျင်းပ
28/02/24
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ခရိုင်မီးသတ်ဦးစီးမှူးရုံး၏ ငလျင်သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို ယနေ့ နံနက် ၉ နာရီက မိတ္ထီလာမြို့နယ် မီးသတ်စခန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့တွင် ပေါ်ဦးပေါ်ဖျား မရမ်းသီးများဈေးကောင်းရရှိ
28/02/24
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ ဉယျာဉ်ခြံလုပ်ငန်း ဖြစ်သော နှစ်ရှည်ခံပင်သီးနှံများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံဖြစ်သည့် မရမ်းသီးများသည် ယခု ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် အသီးများစတင်ထွက်ရှိပြီး ဒေသခံပြည်သူများက လိုက်လံဆွတ်ခူး ရောင်းချရာတွင် ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ဈေးကောင်းရရှိကြောင်း သိရသည်။
ပြည်မြို့နယ်နှင့် မင်းလှမြို့နယ်တို့၌ ငွေကျပ် ၃ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ ဒသမ ၅ သိန်း ဖမ်းဆီးရမိ
28/02/24
ပြည်မြို့နယ်နှင့် မင်းလှမြို့နယ်တို့တွင် ငွေကျပ် ၃ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ ဒသမ ၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။