Latest News
နောက်ဆုံးရသတင်းများ
ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် အလုပ်ရုံနှင့် အလုပ်သမားဉပဒေ စစ်ဆေးရေးဦးစီးဌာန၏ အလုပ်သမား ဥပဒေစစ်ဆေးရေးဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
19/02/24
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉
အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနှင့်အလုပ်သမားဉပဒေ စစ်ဆေးရေးဦးစီးဌာန၏ အလုပ်သမား ဥပဒေစစ်ဆေးရေးဆိုင်ရာ မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက်အမှာစကား ပြောကြားသည်။
ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ် - ၃ ) တည်ဆောက်ရေးလုပ်ငန်းများ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ကြည့်ရှုစစ်ဆေး
19/02/24
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၁၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ကို ဆက်သွယ်ပေးမည့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အင်းစိန်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်များ သန့်ရှင်းသာယာလှပရေး မြို့တော်ဝန်နှင့် ဒုတိယမြို့တော်ဝန်တို့ ကြည့်ရှုစစ်ဆေး
19/02/24
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ အရှေ့ ကြို့ကုန်းရပ်ကွက်၊ မင်းဓမ္မလမ်း၊ လောကချမ်းသာ အဘယ လာဘမုနိ ရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား) ရှေ့၌ ဝန်ထမ်းများက သန့်ရှင်းသာယာလှပစေရေး မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းပြီး သစ်ရွက်ကြွေ အမှိုက်များ ရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
မြိတ်ကျွန်းစုရှိ သယောကြီးကျွန်းအား ဒီရေတောကြိုးပြင်ကာကွယ်တော သတ်မှတ်
19/02/24
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၁,၂၆၉ ဧက ရှိသောနယ်မြေကို “သယောကြီးကျွန်း ဒီရေတောကြိုးပြင်ကာကွယ်တော”အဖြစ် အမိန့် ကြော်ငြာစာအမှတ်(၁၅/၂၀၂၄)အရ ၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း(၆)ရက်၊ (၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်)မှစ၍ သတ်မှတ်ကြေညာလိုက်ကြောင်း သိရသည်။
မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး(၁/၂၀၂၄) ကျင်းပ
19/02/24
မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး(၁/၂၀၂၄)ကို ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ရဲချုပ်ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ အစည်းအဝေးသို့ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ဦးဆောင်သော လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ
19/02/24
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် တည်ထောင်ခြင်း (၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲကို ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းက သန်လျင်မြို့ရှိ ယင်းတက္ကသိုလ် ခန်းမဆောင်၌ ကျင်းပသည်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်
19/02/24
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။
တရားမ အထူးအယူခံမှု ၉ မှု စီရင်ချက်ချမှတ်ပြီး တရားမ အထူးအယူခံမှု ၆ မှု ရုံးထိုင်ကြားနာ
19/02/24
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဒေါ်ခင်မေရီ၊ ဦးသောင်းနိုင်၊ ဦးသိန်းကိုကိုနှင့် ဒေါ်ပြုံးပြုံးအေး တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းက ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၁၉/ ၂၀၂၂ (ဧရာဝတီ)၊ ၁၇/ ၂၀၂၃ (တနင်္သာရီ)၊ ၁၉/ ၂၀၂၃ (ဧရာဝတီ)၊ ၂၃/၂၀၂၃ (ရန်ကုန်)၊ ၃၉/ ၂၀၂၃ (ရန်ကုန်)၊ ၄၇/၂၀၂၂ (မကွေး)၊ ၁၀/ ၂၀၂၃ (တနင်္သာရီ)၊ ၂၅/ ၂၀၂၃ (ကချင်)၊ ၂၆/ ၂၀၂၃ (မန္တလေး) စုစုပေါင်း တရားမ အထူးအယူခံမှု ၉ မှု တို့ကို စီရင်ချက်ချမှတ်သည်။
နေပြည်တော်၌ အသက် ၅၀ နှစ်နှင့်အထက် ကျန်းမာရေးဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ် စတင်ဆောင်ရွက်
19/02/24
နေပြည်တော်ရှိ အသက် ၅၀ နှစ်နှင့်အထက် ကျန်းမာရေးဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ် စတင်ဆောင်ရွက်ခြင်းကို ပုဗ္ဗသီရိမြို့နယ် နေပြည်တော် ခုတင်-၃၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ အထူးကုဆရာဝန်ကြီး (ဆေးပညာ) ဒေါက်တာပြည့်လင်းလင်းဇော် ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိသည်။
သန်လျင်မြို့ သမိုင်းဝင်ဆံတော်ရှင်ကျိုက်ခေါက်စေတီ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ
19/02/24
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်မြတ် တပို့တွဲလ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို စေတီတော်မြတ်ဂေါပကအဖွဲ့မှ ကြီးမှူး၍ ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃာ့ပူဇာများဖြင့် ကျင်းပလျက်ရှိသည်။