Latest News
နောက်ဆုံးရသတင်းများ
ASEAN-ERAT အဖွဲ့များမှ ရခိုင်ပြည်နယ်တွင် စစ်တမ်းကောက်ယူခဲ့သည့် တွေ့ရှိချက်များကို ပြည်ထောင်စုဝန်ကြီးထံ ရှင်းလင်းတင်ပြ
28/05/23
နေပြည်တော် မေ ၂၈
အာဆီယံ၏ One ASEAN One Response နှင့်အညီ အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ် လေ့လာရေးအဖွဲ့ (ASEAN-ERAT)သည် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဘေးသင့် ဒေသများဖြစ်သော ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တော် မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်များသို့ မေ၂၂ ရက်မှ ၂၅အထိ ကွင်းဆင်းစစ်တမ်း ကောက်ယူခဲ့သည်။
တောင်ကြီးမြို့နှင့် နမ့်ခမ်းမြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
28/05/23
နေပြည်တော် မေ ၂၈
တောင်ကြီးမြို့နှင့် နမ့်ခမ်းမြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှသိရသည်။
ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ရခိုင်ပြည်နယ်ရှိ ထိခိုက်ခံစားရသူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အရေးပေါ်သုံးကယ်ဆယ်ရေးပစ္စည်းများဆက်လက် ထောက်ပံ့
28/05/23
စစ်တွေ မေ ၂၈
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုကြောင့် ထိခိုက်ခံစားရသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ပြည်သူများအတွက် အရေးပေါ်သုံးကယ်ဆယ်ရေးပစ္စည်းများကို ကူညီထောက်ပံ့ပေးဝေလျက်ရှိသည်။
မြန်မာ (နေပြည်တော်) - တရုတ် (လင်ချန်း) စီးပွားရေး ကုန်စည်ပြပွဲ ဆက်လက် ကျင်းပ
28/05/23
နေပြည်တော် ၂၈ မေ
မြန်မာ (နေပြည်တော်) - တရုတ် (လင်ချန်း) စီးပွားရေး ကုန်စည်ပြပွဲကို မေ ၂၅ ရက်မှ ၂၈ ရက်အထိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် (၄) ရက်ကြာ ကျင်းပရာ ယနေ့တွင် ကုန်စည်ပြပွဲနောက်ဆုံးနေ့အဖြစ် ပြခန်းများကို ဆက်လက်ခင်းကျင်းပြသသည်။
ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း
28/05/23
နေပြည်တော် မေ ၂၈
ထူးသည့်ဂုဏ်အင်ပိုင်ရှင်များဖြစ်လာစေဖို့ ကျောင်းအပ်ကြပါစို့
28/05/23
ဒေါက်တာမောင်သင်း
“နိုင်ငံနဲ့ လူ့အဖွဲ့အစည်းကို ချောက်ထဲတွန်းချမှာက နိုင်ငံသားတွေရဲ့ ပညာမဲ့ခြင်းနဲ့ အသိဉာဏ်ခေါင်းပါးခြင်းဖြစ်ပြီး နိုင်ငံကိုမြင့်မားအောင် လုပ်မှာကတော့ နိုင်ငံသားတိုင်းမှာ ပညာဉာဏ်ထွန်းတောက်နေခြင်းပါပဲ”
အဗ္ဗဒူကာလန် အိန္ဒိယသမ္မတ(ငြိမ်း)