လှိုင်သာယာမြို့နယ် ညောင်ရွာမီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ညောင်ကျေးရွာအုပ်စုတွင် မတ် ၉ ရက် ညနေပိုင်းက ဝရိန်တို့စဉ် ဓာတ်ဆီဘူးများပေါ်သို့ မီးပွားများလွင့်စင်ကျရာမှ မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ပြီး အဆိုပါဖြစ်စဉ်မှ မီးဘေးသင့်ပြည်သူများအား မတ် ၁၀ ရက် နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။






