မယ်စဲ့တွင် တယ်လီဖုန်းလိုင်း တပ်ဆင်မှုအား ကန့်ကွက်မှုများရှိနေ၍ ရှင်းလင်းပွဲပြုလုပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် အော်ရီဒူးတယ်လီဖုန်းလိုင်း တပ်ဆင်မှုနှင့် ပတ်သက်ပြီး ကုမ္ပဏီမှ သက်ဆိုင်ရာဌာနနှင့် ချိတ်ဆက်၍ -------
ခင်ဦးမြို့နယ်၌ ကျေးရွာပေါင်း (၃၇)ရွာ မီးလင်းရေး ဆောင်ရွက်လျက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း(NEP) ပထမအဆင့်ကို
မယ်စဲ့တွင် တယ်လီဖုန်းလိုင်း တပ်ဆင်မှုအား ကန့်ကွက်မှုများရှိနေ၍ ရှင်းလင်းပွဲပြုလုပ်
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် အော်ရီဒူးတယ်လီဖုန်းလိုင်း တပ်ဆင်မှုနှင့် ပတ်သက်ပြီး ကုမ္ပဏီမှ သက်ဆိုင်ရာဌာနနှင့် ချိတ်ဆက်၍ နှစ်ဦးသဘောတူ ငှါးရမ်းအသုံးပြု ဆောင်ရွက်ခဲ့မှုအပေါ် အစိုးရအဆင့်ဆင့်၏ ခွင့်ပြုချက်များကို အသိပေးတင်ပြမှု၊ ညှိနှိုင်းမှုမရှိဘဲ တာဝါတိုင်တည်ဆောက်ခြင်းအား သံဃာတော်များနှင့် ပြည်သူလူထုမှ ကန့်ကွက်မှုများဖြစ်ပေါ်ခဲ့ရာ ပြည်နယ်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ သံဃာတော်များ၊ ဒေသခံပြည်သူများအား ချပြရှင်းလင်းဆွေးနွေးပွဲကို မတ် ၁၀ ရက် မွန်းလွဲ ၂ နာရီက မယ်စဲ့မြို့၊ မြို့နယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။
သီးနှံစိုက်ပျိုးရေ ပေးဝေရန်အတွက် စစ်ကိုင်းခရိုင်မှ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများ အသင့်စီစဉ်ထားပြီးဖြစ်
စစ်ကိုင်းခရိုင်၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာန၊ လျှပ်စစ်မြစ်ရေတင် လုပ်ငန်းများအနေဖြင့် ၂၀၁၈-၂၀၁၉ ခုနှစ်၊ နွေသီးနှံစိုက်ပျိုးရာသီ၌ လျာထားသီးနှံများကို ----
မိုင်းယုမြို့၌ One Stop Shop ဝန်ဆောင်မှုအကြောင်း အသိပညာပေးဟောပြောပွဲ
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် OSS ဝန်ဆောင်မှုရုံးမှ ပြည်သူတို့၏ လိုအပ်ချက်များကို
မိုင်းပျဉ်းမြို့မဈေး၌ မီးဘေးကာကွယ်ရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့မဈေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဌာနတို့ ပူးပေါင်း၍ မတ် ၁၀ ရက် နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။ 
သီပေါမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှစ်ထပ်ရုံး ဆောက်လုပ်
သီပေါမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှစ်ထပ်ရုံး ဆောက်လုပ်လျက်ရှိပြီး ကျောက်မဲခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်းနှင့် အဖွဲ့သည် မတ် ၁၀ ရက် နံနက် ၁၀ နာရီခွဲက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။