ကျိုင်းတုံတက္ကသိုလ် ဒုတိယအကြိမ် ရေသဘင်ပွဲတော်ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ် ဒုတိယအကြိမ်မြောက် ရေသဘင်ပွဲတော် အခမ်းအနားကို ကျိုင်းတုံတက္ကသိုလ်၌ မတ် ၁၁ ရက် နံနက်ပိုင်းက ကျင်းပသည်။
မြင်းခြံမြို့တွင် အထက်မြန်မာပြည် ဓာတ်ပုံအသင်းမှ ဓာတ်ပုံပညာများ(အခမဲ့) လာရောက်ပို့ချ
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ စွန်းလွန်းဂူကျောင်းတိုက်၌ ယနေ့နံနက် ၉ နာရီက အထက်မြန်မာပြည် ဓာတ်ပုံအသင်းမှ ဓာတ်ပုံပညာများကို အခမဲ့ လာရောက်ပို့ချခဲ့ကြောင်း သိရှိရသည်။
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေအား မသန်စွမ်းအဖွဲ့စည်းများ လေ့လာခြင်းမှရရှိသော အကြံပြုချက် အလုပ်ရုံဆွေးနွေးပွဲကျင်းပ
မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်မှ ပြုလုပ်သော သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေအား မသန်စွမ်းအဖွဲ့စည်းများ လေ့လာခြင်းမှရရှိသော အကြံပြုချက်များတင်ပြခြင်း အလုပ်ရုံဆွေးနွေးပွဲကို
ပုပ္ပားတောင်ကလပ်သို့ နှစ်လကျော်အတွင်း ပြည်ပခရီးသွား နှစ်ထောင်ကျော်လာရောက်
ပုပ္ပားတောင်ကလပ်သို့ ၂၀၁၉ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်း ပြည်ပခရီးသွားဧည့်သည် ၂၀၄၈ ယောက် လာရောက်လည်ပတ်ခဲ့ကာ ပြည်တွင်းဘုရားဖူး ခရီးသွားများလည်း နွေရာသီကျောင်းပိတ်ရက် လာရောက်သူများပြားလာကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင် တောင်သူများ ကော်ဖီသီးနှံ တိုးချဲ့စိုက်ပျိုးရေးအတွက် ပညာပေးဆွေးနွေး
ကရင်ပြည်နယ်  ဘားအံခရိုင်  သံတောင်ကြီးမြို့နယ်  စီပင်ကလေးကျေးရွာအုပ်စု  မိုင်(၂၀)ကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက  တောင်သူများ ကော်ဖီသီးနှံ တိုးချဲ့စိုက်ပျိုးလာစေရန်နှင့် အခြားဝင်ငွေရ သီးနှံများ စိုက်ပျိုးနိုင်စေရန် ရည်ရွယ်၍ ကော်ဖီတိုးချဲ့စိုက်ပျိုးရေး ပညာပေးဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။
ယင်းမာပင်မြို့တွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၄၁) စက်မှုလယ်ယာစခန်းမှ တောင်သူများအား လုပ်ငန်းခွင်တွင် စက်ကိရိယာများ လက်တွေ့အသုံးပြုမှု၌ အဆင်ပြေစေရန် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း သင်တန်းဖွင့်ပွဲကို မတ် ၁၁ ရက် နံနက် ၉ နာရီက ယင်းမာပင်မြို့ အမှတ်(၄၁) စက်မှုလယ်ယာစခန်း သင်တန်းခန်းမ၌ ကျင်းပသည်။
မန္တလေးမြို့တွင် နေအိမ်အဆောက်အအုံဆိုင်ရာ အချက်အလက်စာရင်း ကောက်ယူမှု ၉၈ ရာခိုင်နှုန်းပြီးစီး
မန္တလေးမြို့တွင် နေအိမ်အဆောက်အအုံဆိုင်ရာ အချက်အလက်စာရင်း ကောက်ယူမှု ၉၈ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီထံက သိရသည်။