ဘိုကလေးမြို့နယ်တွင် ကုန်အညွှန်းအမှတ်တံဆိပ် ရိုက်နှိပ်ထားခြင်းမရှိသော တရားမဝင် ကုန်စည်များ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ကုန်စုံဆိုင်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်တံဆိပ် ရိုက်နှိပ်ဖော်ပြထားခြင်း မရှိသောကုန်စည်များ၊ သက်ဆိုင်ရာမှ တားမြစ်ထားသော ကုန်စည်များ၊ တရားမဝင် ကုန်စည်များ ရောင်းဝယ်ဖောက်ကား သိုလှောင်ထားခြင်း ရှိ/မရှိကို ယနေ့ နံနက် ၁၀ နာရီ၌ အဖွဲ့စုံဖြင့် ပူးပေါင်းစစ်ဆေးခဲ့ကြသည်။
အမှိုက်များ စနစ်တကျ ခွဲခြားစွန့်ပစ်ခြင်းနှင့် သိမ်းဆည်းခြင်းဆိုင်ရာ အလေ့အကျင့်ကောင်းများရရှိစေရန် အသိပညာပေး လှုပ်ရှားမှု ဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလေးများ သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်မြတ်နိုးပြီး မိမိတို့သုံးဆွဲထားသော အမှိုက်များကို စနစ်တကျခွဲခြားစွန့်ပစ်ခြင်းနှင့် သိမ်းဆည်းခြင်းဆိုင်ရာ အလေ့အကျင့်ကောင်းများ ဆောင်ရွက်တတ်စေရန် အသိပညာပေးလှုပ်ရှားမှု အစီအစဉ်ကို ယနေ့နံနက် ၉ နာရီက မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ အ.ထ.က (ခွဲ) မြို့မကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး  ဦးမောင်မောင်အုန်း တရုတ်နိုင်ငံ ကူမင်းမြို့ရှိ  အထင်ကရနေရာများသို့ သွားရောက်လေ့လာ

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တရုတ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းအား လက်ခံတွေ့ဆုံ

ရန်ကုန်မြို့ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ မြို့တော်ဝန် ကြည့်ရှုစစ်ဆေး

ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃)ရှိ တိုးလ်ဂိတ်တွင် လမ်းအသုံးပြုခကောက်ခံနေမှု စနစ်တကျရှိစေရေး၊ QR Code System တပ်ဆင်ရေး၊ ယာဉ်များသွားလာရာတွင် စနစ်တကျရှိစေရေးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

တရားမဝင် စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ