နွေစပါးအောင်ရေရရှိစေရေးကို အထူးကိစ္စရပ်တစ်ခုအနေဖြင့် ဆောင်ရွက်ကြရမည်
ပူပြင်းခြောက်သွေ့သည့် ရာသီဥတုသို့ ရောက်ရှိလာပြီဖြစ်၍ မိုးသက်လေပြင်းကျခြင်း၊ မီးဘေးအန္တရာယ်နှင့် ရေရှားပါးခြင်းစသော သဘာဝဘေးအန္တရာယ်များ ကျရောက်နိုင်သဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပြင်ဆင်ဆောင်ရွက်ထားရမည် ဖြစ်ကြောင်း၊ ထို့အတူ နွေစပါးစိုက်ပျိုးရာသီ ရောက်ရှိနေပြီဖြစ်၍ နွေစပါးအောင်ရေရရှိစေရေးကို အထူးကိစ္စရပ် တစ်ခုအနေဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။
တရားမအထူးအယူခံမှု (၅)မှုကို စီရင်ချက်ချမှတ်၊ ရာဇဝတ်အထူးအယူခံမှု (၂)မှုနှင့် တရားမအထူးအယူခံမှု (၃)မှုကို ရုံးထိုင်ကြားနာ
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးအောင်ဇော်သိန်း၊ ဦးမျိုးတင့်၊ ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁)၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၂၉/၂၀၂၀ (စစ်ကိုင်း)၊ ၃၁/၂၀၂၀ (ရခိုင်)၊ ၃၆/၂၀၂၀ (မန္တလေး)၊ ၃၉/၂၀၂၀ (စစ်ကိုင်း) နှင့် ၄၄/၂၀၂၀ (ရန်ကုန်) စုစုပေါင်း တရားမအထူးအယူခံမှု (၅)မှုတို့ကို စီရင်ချက်ချမှတ်သည်။
နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ခြောက်လဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံ ငွေကျပ် ၁၇၀ ဒသမ ၇၁၃ သန်းဖြင့် ဆောင်ရွက်ခဲ့သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-တောင်ကြီးလမ်းခွဲမှ ပန်မတ်ရွာအဝင် မြေသားလမ်း ၁၃ မိုင်အနက် ၆ မိုင် ၄ ဖာလုံ ကျောက်လမ်းခင်းပြီး ကျန်လမ်းပိုင်းမှ ၁ မိုင် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးမှုအခြေအနေများအား ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ (ကျိုင်းတုံ) မှ ဒုတိယညွှန်ကြားရေးမှူး ဦးသီဟဇော်နှင့် တာဝန်ရှိသူများ ယနေ့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရေးမြို့နယ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု(ဗဟို) ကြီးကြပ်ရေးအဖွဲ့ (၂၈)ကြိမ်မြောက် အစည်းဝေးကျင်းပ
ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု(ဗဟို) ကြီးကြပ်ရေးအဖွဲ့ (၂၈)ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ဘွဲ့နှင်းသိမ်ဓမ္မာရုံ၌ ကျင်းပသည်။
ဘုရင့်နောင်လမ်းမကြီးတစ်လျှောက် သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ ရန်ကုန်မြို့တော်ဝန် ကြည့်ရှုစစ်ဆေး
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ ကော်မတီဝင်များနှင့်အတူ ယနေ့ နံနက် ၇ နာရီတွင် လှိုင်မြို့နယ် (၁၅)ရပ်ကွက်၊ ဘုရင့်နောင်လမ်းနှင့် ပါရမီလမ်းထောင့်ရှိ သမိုင်းချောင်းသို့ စီးဝင်သည့် ရေမြောင်းအတွင်း အမှိုက်နှင့်နုန်းများ ဆယ်ယူရှင်းလင်းနေမှု၊ ဘုရင့်နောင်လမ်းတစ်လျှောက် သန့်ရှင်းသာယာ သပ်ရပ်စေရေး မြက်ပင်ချုံနွယ်များ၊ အုပ်မိုးကိုင်းများ ခုတ်ထွင်းရှင်းလင်းနေမှုနှင့် လှိုင်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်အကြား သမိုင်းချောင်းအတွင်း အမှိုက်များ၊ သဲမြေများ ဆယ်ယူရှင်းလင်းနေမှု၊ ချောင်းစပ် တစ်လျှောက် မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းနေမှုတို့အား ကြည်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။