ရွှေတိဂုံစေတီတော် ၂၆၁၀ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် အသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၆၁၀ နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် အသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ ရွှေတိဂုံ စေတီတော်ရင်ပြင် ရာဟုထောင့်ရှိ ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပသည်။
အသိပေးပန်ကြားချက်

ကျိုင်းတုံမြို့နယ် နမ့်ခင်ချောင်း ဝဲ/ယာတွင် ရေစု၍ နေရောင်ခြည်သုံး ဆိုလာစနစ်ဖြင့် ချောင်းရေတင် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ် နမ့်ခင်ချောင်း ဝဲ/ယာ တွင် ရေစု၍ နေရောင်ခြည်သုံး ဆိုလာစနစ်ဖြင့် ချောင်းရေတင်ပြီး စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး မတ် ၇ ရက် နံနက် ၉ နာရီက ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ ကျိုင်းဖောင်းကျေးရွာ၊ ကျိုင်းဖောင်းဘုန်းတော်ကြီးကျောင်းတွင် တာဝန်ရှိသူများနှင့် စိုက်ပျိုးရေးတောင်သူများက ညှိနှိုင်းဆွေးနွေးသည်။
မုဒုံမြို့ ကျေးရွာများတွင် တံတားငါးစင်း တည်ဆောက်လျက်ရှိ
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများအတွက် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးရွာချင်းဆက်လမ်းပေါ်ရှိ တံတားများ တည်ဆောက်လျက်ရှိရာ ယခုအခါ ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
မုဒုံမြို့ ကျေးရွာများတွင် ကတ္တရာလမ်းခင်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးရွာများအတွင်း လမ်းနှင့် ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
မင်းတုန်းမြို့နယ် လွှာဝကျေးရွာ၌ လယ်ယာထုတ်ကုန်ဧက ၁၃၀ ကျော် အကျိုးပြုမည့် ကုန်ထုတ်လမ်း ရာနှုန်းပြည့်ပြီးစီး
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်စေရန်ရည်ရွယ် ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် လွှာဝကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်နေမှုနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးနေမှုအား ကြည့်ရှုစစ်ဆေး
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် မတ် ၆ ရက် နံနက်ပိုင်းက မကွေးမြို့နယ် ဘုရားပြိုကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ............