ကမ္ဘာ့အကြီးဆုံး ကြယ်လိပ်ကြီး ပုဂံမြို့ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်တွင် လာရောက်လေ့လာနိုင်
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ လောကနန္ဒာ စွယ်တော်မြတ်စေတီအနီးရှိ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်တွင် ကမ္ဘာ့အကြီးဆုံး ကြယ်လိပ်ကြီးအား လာရောက်လေ့လာ ကြည့်ရှုနိုင်ကြောင်း လောကနန္ဒာ ဘေးမဲ့တောဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင်က ပြောသည်။






