မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန (ယခင်ပြည်သူ့အိုးအိမ်အဖွဲ့ရုံး)ကို အပြာရောင်ကမ္ပည်းပြားတပ်ဆင်
၂၀၂၁ ခုနှစ်၏ ပထမဆုံး အပြာရောင်ကမ္ပည်းပြားကို ရန်ကုန်မြို့ စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန (ယခင်ပြည်သူ့အိုးအိမ်အဖွဲ့ရုံး)တွင် တပ်ဆင်ခြင်းကို ဇန်နဝါရီ ၃၀ ရက် နံနက် ၈ နာရီက ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။







