ဂန့်ဂေါခရိုင်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ
ဂန့်ဂေါမြို့နယ် ခုတင် ၁၀၀ ဆံ့ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများအား ဇန်နဝါရီ ၂၉ ရက် နံနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီ ထိ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံပေးသည်။







