ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်ဝန်ကြီးများ ဂွမြို့နယ်ခန်းမအဆောက်အဦသစ် ပန္နက်တင်မင်္ဂလာအခမ်းအနား တက်ရောက်
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်ဝန်ကြီးများသည် ဇန်နဝါရီ ၃၁ ရက် နံနက် ၈ နာရီက ဂွမြို့တွင် မြို့နယ်ခန်းမအဆောက်အဦသစ် ဆောက်လုပ်မည့်မြေနေရာ၌ ကျင်းပသည့် ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်၍ မင်္ဂလာပန္နက်တိုင် စိုက်ထူပေးခဲ့ကြောင်း သိရသည်။






