လူမှုဖူလုံရေး - ကဲဝဲလ် အထွေထွေရောဂါကုဆေးခန်း ဖွင့်လှစ်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ လူမှုဖူလုံရေး-ကဲဝဲလ် အထွေထွေရောဂါကုဆေးခန်း ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံလမ်း (အထက်ဘလောက်)ရှိ တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးတွင် ယနေ့ နံနက် ၈ နာရီခွဲက ပြုလုပ်သည်။






